BEC-TERO TV

ကမ္ဘာ့ဈေးအကြီးဆုံး ၁၇ မီလီယံတန် စိန်စီထားတဲ့ ဒေါက်မြင့်ဖိနပ်

01 Oct 2018     1,539 Views


ဒူဘိုင်းက ဖိနပ်ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုက ရွှေသားစစ်စစ်၊ ပိုး နဲ့ စိန်အလုံးပေါင်း ရာကျော်ထည့်သွင်းအလှဆင် ချုပ်လုပ်ထားတဲ့ ဒေါက်မြင့်ဖိနပ်တစ်ရံကို ပွဲထုတ်ခဲ့ပါတယ်။ ဒီဖိနပ်ကို ရောင်းချမယ့် ဈေးနှုန်းတန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၁၇ မီလီယံ ဖြစ်လို့ ကမ္ဘာ့ဈေးအကြီးဆုံး ဒေါက်မြင့်ဖိနပ်တစ်ရံ ဖြစ်ပါတယ်။
 
 
ကမ္ဘာနေရာအနှံ့မှာရှိတဲ့ ဖက်ရှင်ပစ္စည်းထုတ်လုပ်သူတွေက တန်ဖိုးကြီးတဲ့ အသုံးအဆောင်ပစ္စည်းတွေကို ရောင်းချဖို့ အခက်အခဲကြုံတွေနေရချိန်မှာ “ဂျာဒါဒူဘိုင်း” က ဒီတန်ဖိုးမြင့် ဒေါက်မြင့်ဖိနပ်ကို ရောင်းချဖို့  ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ပွဲထုတ်ခဲ့တာဖြစ်ပါတယ်။
 
ဖိနပ်ရဲ့ တစ်ဖက်စီမှာ ကျောက်မျက်ရတနာဖြစ်တဲ့ ၁၅ ကာရက်စီရှိတဲ့ D အဆင့်ရှိတဲ့ စိန်တွေနဲ့ ဖိနပ်ရဲ့ နှုတ်ခမ်းသား ထိပ်ဖျားကနေ တစ်ပတ်ချာလည်လုံး အလှဆင်ထားတာပါ။
 
ဒူဘိုင်းမှာ မီလီယံနာတွေရော ဘီလီယံနာတွေပါ ရှိတာမို့ ရောင်းချဖို့ ဖြစ်နိုင်တဲ့ဈေးကွက်ရှိပါတယ်” လို့ ဖိနပ်မှာ ဆင်ထားတဲ့ ကျောက်မျက်ရတနာတွေကို ပံ့ပိုးပေတဲ့ Passion Jewellers ရဲ့ အကြီးအကဲ Hemant Karamchandani က ပြောပါတယ်။
 
 
ဖိနပ်ရဲ့ဆိုက်ကတော့ ဥရောပဆိုက် ၃၆ (ယူအက်စ် ၅.၅ နဲ့ ယူကေ ၃.၅) ရှိပါတယ်၊ ဒါပေမယ့် ဝယ်ယူမည့်သူဟာ ငွေအကြေချေပြီးတာနဲ့ သင့်တော်တဲ့ ဆိုက်ဖြစ်အောင် ပြန်လည်ပြုပြင်ပေးသွားမှာဖြစ်ပါတယ်။
 
ဒူဘိုင်းမှာ ကျင်းပတဲ့ ဖက်ရှင်ပြပွဲတွေကို နှစ်စဉ်လာရောက်ကြည့်ရှုဝယ်ယူသူများပြားလျှက်ရှိပြီး ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ပြပွဲကိုလာရောက်ခဲ့သူ နိုင်ငံခြားခရီးသွား ၁၆ သန်းကျော်ရှိကြောင်း သိရှိရသည်။
 

01 Oct 2018     1,539 Views




RELATED

Most Popular of Special or Others

Most Popular of NEWS