ပရိတ်သတ်များရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရတဲ့ wannaone
01 Oct 2018 1,520 Views

မင်္ဂလာပါ Popolay ပရိတ်သတ်ကြီးရေ wannaone ဆိုတဲ့ kpop band လေးအကြောင်းအရင်ပြောပြရစေ။
၂၀၁၇ နှစ်လယ်လောက်မှာ တောင်ကိုးရီးယားနိုင်ငံရဲ့ တီဗွီအစီအစဉ်တစ်ခုဖြစ်တဲ့ Mnet က Produce 101 season 2 ဆိုတဲ့ ပြိုင်ပွဲကို ပြုလုပ်ခဲ့ပါတယ်။ Produce 101 season 2 ကတော့ ယောင်္ကျားလေး ၁၀၁ယောက် ပြိုင်ရတာ ဖြစ်ပြီး နောက်ဆုံး ရွေးချယ်ခံရတဲ့ စကားတင် ၁၁ ယောက်ကို အဆိုတော်အဖွဲ့အဖြစ်ဖွဲ့စေကာ သီချင်းများ ဆက်လက်လုပ်ဆောင်စေမှာဖြစ်ပါတယ်။ (seaon 1 ကတော့ မိန်းကလေး ၁၀၁ ယောက်ပြိုင်ရတာဖြစ်ပါတယ်။)
ထိုစကားတင် ၁၁ယောက်အဖြစ် ရွေးချယ်ခံရသူများကို wannaone ဟုအဖွဲ့ အမည်တွင်စေကာ သီချင်းများ ဆက်လက်လုပ်ဆောင်စေခဲ့ပါတယ်။ အခုဆို wannaone အဖွဲ့ဟာ တောင်ကိုးရီးယားနိုင်ငံမှာသာမက ကမ္ဘာတစ်ဝှမ်းမှာပါ လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားနေပြီဖြစ်ပါတယ်။
စက်တင်ဘာလ ၂၉၊၃၀ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် Mnet ကကျင်းပပြုလုပ်သော Kcon(kpop concert) တွင်ပါဝင်ဖျော်ဖြေဖို့အတွက် Wannaone ဟာ ဘန်ကောက်သို့ ထွက်ခွာခဲ့ပါတယ်။
ဘန်ကောက်လေဆိပ်တို့ရောက်ရှိသောအခါ ထိုင်းပရိတ်သတ်များ၏ ဆွဲလားရမ်းလား ပြုလုပ်ခြင်းကြောင့် ပရိတ်သတ်များနဲ့ လုံခြုံရေးများအကြား ပဋိပက္ခများစွာဖြစ်ပွားခဲ့ပါတယ်။
ဖျော်ဖြေပွဲ ပြုလုပ်တဲ့နေ့မှာ wannaone အဖွဲ့ ရောက်မလာမချင်း ပရိတ်သတ်များဟာ ရုံအတွင်းသို့မဝင်ပဲ wannaone ကိုတွေ့ဖို့စောင့်နေခဲ့ပါတယ်။ သို့ပေမဲ့ လုံခြုံရေးများက ကားတံခါးပေါက်ကနေ ပလက်စတစ်မိုးကာများဖြင့် သွယ်တန်းကာ ရုံအတွင်းသို့ wannaone ကို ဝင်စေခဲ့တဲ့ အတွက်ပရိတ်သတ်များဟာ wannaone ကိုမမြင်တွေ့ခဲ့ရပါဘူး။