ပရီးမီးယားလိဂ် ပွဲစဉ် (၇) ပွဲကြိုသုံးသပ်ချက်
28 Sep 2018 1,419 Views
ဝက်စ်ဟမ်း ၁ - ၁ မန်ချက်စတာယူနိုက် ( ၆ နာရီ )
မန်ချက်စတာယူနိုင်တတ်အသင်းဟာ လက်ရှိမှာနည်းပြ မော်ရင်ဟိုနှင့်ပေါ့ဘာတို့၏ အသင်းရဲ့အတွင်းပိုင်း ပြသာနာတွေကြုံတွေနေပြီး အိမ်ကွင်းနှစ်ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေပါတယ်။ ဝက်စ်ဟမ်း အသင်း ဟာ တိုက်စစ်မှူး ရာသီအစမှာ ရလဒ်ဆိုးတွေ ကြုံခဲ့ပေမဲ့ ပြိုင်ပွဲစုံ နောက်ဆုံးငါးပွဲမှာ ၃ ပွဲအထိ အနိုင်ရရှိထားပြီး ချလ်ဆီးအသင်းကို သရေကန်ထားပြီး ၁ ပွဲသာရှုံးနိမ့်ထားပြီး ရလဒ်ကောင်းတွေပိုင်ဆိုင်ထားပြီး မန်ချက်စတာယူနိုက်တတ် အသင်းကို အနည်းဆုံး သရေရသွားနိုင်ပါတယ်။
ချလ်ဆီး ၁ - ၁ လီဗာပူးလ် ( ည ၁၁ နာရီ )
အဲ့ဒီမှာဖတ်ပါ http://www.popolay.com/program-detail.php?pml=15097
ဟက်ဒါဖီလ်း ၁ - ၃ တော့တင်ဟမ် ( ည ၈ နာရီခွဲ)
ဟက်ဒါဖီလ်း ပွဲစဉ် (၆) အပြီးထိ နိုင်ပွဲရယူထားနိုင်သေးခြင်းမရှိဘဲ ဇယားရဲ့ အောက်ဆုံးမှာ ရောက်ရှိနေတာပါ။ တော့တင်ဟမ် အသင်းကတော့ မနှစ်ကခြေလောက် မကောင်းသေးပေမဲ့ တော့ရုံအသင်းလေးတွေကို အသာလေးအနိုင်ယူနိုင်ပါတယ်။
အာဆင်နယ် ၂ - ၁ ဝက်ဖို့စ် ( ည ၈ နာရီခွဲ)
ဇယားရဲအမှတ်အကွာ အပေါ်အအောက် မို့ဒီပွဲလည်းကြည့်ကောင်းမဲ့ပွဲပါ။အာဆင်နယ်အသင်း ရှုံးပွဲ ၂ ပွဲဆိုပေမဲ့ သူတို့ ရှုံးခဲ့တာက အသင်းကြီး ၂ နှစ်သင်းပါ ၊ အသင်းလေးတွေ ကို မရှုံးသေးပါဘူး။ ဝက်ဖို့စ်အသင်းကလည်း ဒီရာသီမှာ ၁ ပွဲပဲရှုံးထားပြီး ကလည်း အသင်းကြီးပုံစံပြသနေတာပါ ၊ ဒါပေမဲ့ အသင်းကြီးတွေကို ခုံကန်ဖို့ မလွယ်သေးပါဘူး။ မန်ယူတောင် အိမ်ကွင်းမှာ ၂ - ၁ နဲရှုံးထားပါတယ်။အိမ်ကွင်းဖြစ်တာကြောင့်အာဆင်နယ်အသင်း အမှတ်အဆုံးအရှုံးမခံပါဘူး ။ အာဆင်နယ် နိုင်မှာပါ။
ဝုလ် ၂ - ၁ ဆောက်သမ်တန် ( ည ၈ နာရီခွဲ)
ဝုလ်ဗာဟန်တန် အသင်းက မှနှစ်ကမှ တန်းတတ်လားတယ်ဆိုပေမဲ့ ခြေစွမ်းက အရမ်ကြီးမဆိုးပါဘူး ။ အိမ်ကွင်းမှာ မန်စီးတီး ကိုတောင်သရေခံကန်ထားနိုင်ခဲ့ပါတယ်။ဆောက်သမ်တန် အသင်းကတော့ နိုင်ပွဲ ၁ ပွဲသာရရှိသေးတာပါ။ အသင်းက လူကောင်းတွေကို နှစ်စဉ်ရာင်းချနေတာကြောင့် ဒီနှစ်မှာတော့ ခြေစွမ်းကျဆင်းနေတာ သိသာနေပါတယ်။ဝုလ် အသင်း အနိုင်ရဖို့များပါတယ်။
နယူးကာဆယ် ၂ - ၂ လတ်စတာ ( ည ၈ နာရီခွဲ)
နယူးကာဆယ် ကိုတန်းတတ်လာတုန်းကတော့ တော်တော်အထင်ကြီးခဲ့ပါတယ်။ ပရီးမီးယားလဂ်မှာ ကျင်လည်နေတဲ့ နည်းပြကြီး ဘင်နီတက်စ် ကအတ်ာလေးဆရာ ကျခဲ့တာမို့ပါ။ ခုချိန်မှာတော့ နိုင်ပွဲပြန်လည်ရှာတွေခြင်းမရှိသေးပါဘူး။ လတ်စတာ က ၃ပွဲအထိအနိုင်ယူထားပါတယ်။ လတ်စတာ က ခြေစွမ်းမဆိုးဘူးဆိုပေမဲ့ နယူကာဆယ်၏ အိမ်ကွင်း တွန်းကန်အားကြောင့် သရေလောက်ပဲမျှော်လင့်ရမှာပါ။
မန်စီးတီး ၃ - ၀ ဘရိုက်တန် ( ည ၈ နာရီခွဲ)
ချလ်ဆီးအသင်း နဲ လီဗာပူးလ် အသင်းတို့တွေ့ဆုံမှု ကို မန်စီးတီးအသင်း အခွင့်ကောင်းယူမှာပါ၊ဆာနေး ၊ ဆေးဗားလ် ၊ အဂူရို ၊ ဂျေးဆပ် တို့၏တိုက်စစ်အားကို ဘရိုက်တန်အသင်း မတွန်းလှန်နိုင်ပါဘူး။သေချာပါတယ် မန်စီးတီးအသင်း ဂိုးပြတ်မှာပါ ။
အဲဗာတန် ၁ - ၁ ဖူဟမ် ( ည ၈ နာရီခွဲ)
အဲဗာတန်အသင်းက ခြေမမှန်ပါဘူး ၊ အရမ်းကြီးမဆိုးပါဘူး ကောင်းရင်စွတ်ကောင်း ၊ မကောင်းဘူးဆိုရင့် အသင်းလေးတောင် ရှူံးရင်ရှုံးတာပါ ၊ ဖူဟမ် အသင်းအတွက်ဂိုးတွေ ကိုတော့ မီထရိုဗစ် ဂိုးတွေသွင်းပေးနေတာပါ၊အဝေးကွင်းဆို ညံ့တတ်တဲ့ခြေကြောင့် သရေလောက်တော့ရသွားနိုင်ပါတယ်။
ချလ်ဆီး ၁ - ၁ လီဗာပူးလ် ( ည ၁၁ နာရီ )
အဲ့ဒီမှာဖတ်ပါ http://www.popolay.com/program-detail.php?pml=15097
ကားလ်ဒစ် ၀ - ၀ ဘန်လေ (တနင်္ဂနွေ ည ၉ နာရီခွဲ )
နှစ်သင်းလုံးက ခြေစွမ်းခြင်းမထူးပါဘူး၊ ကားဒစ် အသင်းဆို တန်းဆင်းဖို့အတွက် ရေပန်းစားဆုံး အသင်းမှာ ပါနေပါတယ်။ ဘန်လေက မနှစ်က ယူရိုပါလိဂ် ဝင်ခွင့်တောင်ရထားပြီး ဒီနှစ်ကျမှ တော်တော်လေး ခြေစွမ်းက ကျလာခဲ့တာကိုတွေရတယ်၊ အခြေအနေခြင်း တူနေတဲ့ အသင်းချင်းမို့ ၀ - ၀ လောက်နဲပြီးမယ်လို့ထင်ပါတယ်။
ဘုန်းမောက် ၃ - ၁ ဟက်ဒါဖီလ်း (တနင်္လာနေ့ည ၁ နာရီခွဲ )
ဘုန်းမောက်က ရာသီအစက ခြေအတော်လေးကောင်းတယ်ပြောရမယ်။ ဟက်ဒါဖီလ်း လို ဇယားအောက်ဆုံးက အသင်းကို တော့ အနိုင်ပြတ်သားမှာပါ။