တစ်ချိန်ကပတ်သက်ခဲ့သူကို တရားရုံးရှေ့မှာ တံတွေးနဲ့လှည့်ထွေးခဲ့တဲ့ သရုပ်ဆောင်မင်းထက်
28 Sep 2018 1,894 Views
ရုပ်ရှင်သရုပ်ဆောင် မင်းထက်ဟာဆိုရင် လက်ရှိမှာ သရုပ်ဆောင်စိုးနန္ဒာကျော်နဲ့နှစ်ဦးသဘောတူ လက်ထပ်ထားသူဖြစ်ပါတယ်။ သို့ပေမယ့် တစ်ချိန်က ချစ်သူရည်းစားတွေအဖြစ် ပတ်သက်ခဲ့ဖူးသူ မနှင်းအိရွှေရည်နဲ့ သမီးလေးတစ်ယောက်ရှိတယ်လို့ သိရပေမယ့် မင်းထက်ကတော့ လူမှုကွန်ယက်မှာ ငြင်းဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။ မနှင်းအိရွှေရည်ဘက်မှ မင်းထက်နဲ့စိုးနန္ဒာကျော်တို့နှစ်ယောက်လုံးကို လူမှုကွန်ယက်ပေါ်ကနေ အသိပေးပြောကြားခဲ့ပေမယ့် တင်းမာတဲ့အခြေအနေတွေကြောင့် တရားရုံးထိရောက်ကာ မင်းထက်ကို ရာဇသတ်ကြီး ပုဒ်မ (၄၁၇) ကာမလိမ်လည်မှုဖြင့် ဒဂုံအရှေ့ပိုင်း တရားရုံးကနေတရားစွဲဆိုလိုက်တာဖြစ်ပါတယ်။
သမီးလေးရဲ့ရှေ့ဆက်ရမဲ့ဘ၀နဲ့ ဂုဏ်သိက္ခာတို့အတွက် စော်စော်ကားကားပြောဆိုခဲ့တာတွေကြောင့် တရားစွဲဆိုခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ လွန်ခဲ့သော နှစ်ပတ်ခန့်က စတင်အမှုဖွင့်ထားခဲ့တာဖြစ်ပြီး စက်တင်ဘာလ (၂၇) ရက်နေ့မှာ ပထမဆုံးရုံးချိန်းကို ပြုလုပ်ခဲ့ကာ ရုံးချိန်ကိုတော့ မနှင်းအိရွှေရည်က သမီးငယ်လေးကိုပါ ခေါ်ဆောင်လာခဲ့ကာ မင်းထက်ကတော့ ဇနီးဖြစ်သူစိုးနန္ဒာကျော်ရဲ့လက်ကိုတွဲကာ ရုံးချိန်ကို တက်ရောက်ခဲ့ပါတယ်။ ရုံးချိန်းအပြီး တရားရုံးကအထွက်မှာတော့ နှင်းအိရွှေရည်တို့သားအမိဘက်ကိုလှည့်ကာ အသံမြည်အောင်တံတွေးထွေးခဲ့တယ့် မင်းထက်ရဲ့လုပ်ရပ်ကြောင့် အွန်လိုင်းသုံးစွဲသူကြားပရိသတ်တွေကြားမှာတော့ ဝေဖန်စရာတွေဖြစ်လို့နေခဲ့ပါတယ်။
သရုပ်ဆောင် မင်းထက်ကို တရားစွဲဆိုရတဲ့အကြောင်းနဲ့ပတ်သက်ပြီး မနှင်းအိရွှေရည်က အင်တာဗျူးတစ်ခုမှာ ယခုလိုပဲပြောကြားသွားခဲ့ပါတယ်။
“လွန်ခဲ့တဲ့ နှစ်ပတ်က တရားစစွဲထားခဲ့တယ်။ ဒီနေ့တော့ သူတို့ပထမဆုံးရုံးချိန်းကို လာတက်သွားတယ်။ လာမယ့် အောက်တိုဘာ (၁၁) ရက်နေ့ ၁၁ နာရီမှာ ဒုတိယမြောက်ရုံးချိန်းရှိပါတယ်။ ပုဒ်မ (၄၁၇) ကာမလိမ်လည်မှုနဲ့ တရားစွဲထားတာပါ။ ညီမကတော့ အေးအေးချမ်းချမ်းပဲနေချင်တယ်။ သူ့ဘာသာ ကြိုက်တဲ့မိန်းကလေးကို ယူလို့ရပါတယ်။ သူ့ကိုဘာမှမဖြစ်ဘူး။ ဒါပေမယ့် ဒီကလေးလေးရဲ့ အနာဂတ်အတွက် သူဒီကလေးရဲ့အဖေဖြစ်တယ်ဆိုတာကို ရပ်တည်ရမယ်၊ အမှန်တရားကို သူကိုယ်တိုင်လဲသိတယ်။ အခုသူက အင်တာဗျူးတွေမှာ ညီမနဲ့ကလေးကို သိက္ခာကျစေမယ့်စကားတွေ၊ အင်တာဗျူးတွေလုပ်တယ်။ အဲ့အတွက်တော့ ဘာတစ်ခုမှပြန်မတုံ့ပြန်ခဲ့ဘူး။ ပတ်ဝန်းကျင်မှာ ညီမနဲ့ကလေးကို အရမ်းထိခိုက်လာတဲ့အတွက် ခုလိုတရားရင်ဆိုင်လိုက်ရတာပါ” ဆိုပြီး တရားစွဲဆိုခဲ့ရတဲ့အကြောင်းကို ပြောကြားခဲ့တာဖြစ်ပါတယ်။
“ညီမကို သူ့ကြားခံလူမိတ်ဆွေတစ်ယောက်နဲ့ လာညှိတယ်။ ညှိတဲ့အချိန်မှာ ညီမနဲ့ကလေးကို သူကလုံးဝရှေ့မထွက်ဘူးလို့ပြောတယ်။ ညီမကလဲ ရတယ်၊ သူကြိုက်တဲ့မိန်းကလေးကို ယူလို့ရတယ်။ သမီးလေးအတွက် သူသည်အဖေဖြစ်တယ်ဆိုတာ ရပ်တည်ပေးပါလို့ပြောဆိုတဲ့အချိန်မှာ သူကလုံးဝလက်မခံဘူး။ အာ့ဆို DNA စစ်ပေးပါဆိုတော့လဲ DNA လဲမစစ်ချင်ဘူး။ ငွေနဲ့ပဲပြီးပြတ်ချင်ပါတယ်ဆိုပြီး ငွေနဲ့လာညှိပါတယ်။ ညီမလဲ အဲ့ငွေကိုလက်မခံခဲ့ပါဘူး၊ လက်မခံလို့လဲ အခုလိုပြဿနာတွေတက်ကြတာပါ” ဆိုကာ ညှိမရတဲ့အခြေအနေတွေကြောင့် တရားရုံးထိရောက်ခဲ့ပုံကို ပြောကြားသွားပါတယ်။
မင်းထက်နဲ့ Relationship တစ်ခုဆောက်တည်ခဲ့တဲ့ အချိန်တွေနဲ့ ပတ်သက်ပြီး “ညီမတို့ ၄ နှစ်ခွဲ ၅ နှစ်ထိ Relationship ရှိပါတယ်၊ စသိကျွမ်းခဲ့တာက ၁၀ နှစ်ရှိပါပြီ။ ပတ်သက်ခဲ့တာကတော့ ၄ နှစ်ခွဲ ၅ နှစ်ပါ အဲ့အချိန်တွင်းမှာ သူ့ကိုယုံကြည်ပြီးတော့ စီးပွားရေးတွေအတူတူလုပ်ခဲ့တယ်။ သူကျရှုံးခဲ့တယ့်အချိန်မှာတောင် သူ့ဘေးနားကနေ ရပ်တည်ပေးခဲ့တယ်။ ညီမအတွက်ကတော့ ညီမပညာအရည်အချင်း၊ အသိုင်းအ၀ိုင်းနဲ့တစ်ယောက်တည်း ရပ်တည်နိုင်ပါတယ်။ ညီမလိုချင်တာက သမီးလေးကလူလုပ်ရဦးမှာ။ သမီးလေးမှာ အဖေရှိတယ်၊ မိစုံဖစုံရှိတယ် အဘိုးအဘွားအစုံအလင်ရှိတယ်။ အဲ့လိုရှိရဲ့သားနဲ့ တစ်ဖက်ကငြင်းဆန်ပြီး ကလေးကိုဘောင်မ၀င်တဲ့ကလေး၊ တရားမ၀င်တဲ့ကလေးဖြစ်အောင် သူတို့ဘက်က လုပ်ကျတဲ့အတွက် ညီမသမီးလေးအတွက် လုံးဝသည်းမခံနိုင်ပါဘူး။ သမီးလေးအတွက် အမှန်တရားလေးဘက်ကနေ ရပ်တည်ပေးပါလို့ပဲ သူ့ကိုတောင်းဆိုချင်ပါတယ်” ဆိုကာ လူမမယ်သမီးငယ်လေးအတွက် စိတ်မကောင်းဖြစ်စွာ ပြောကြားခဲ့ပါတယ်။
ပရိသတ်တွေကတော့ မနှင်းအိရွှေရည်နဲ့သမီးငယ်လေးအတွက် စိတ်မကောင်းဖြစ်လို့နေကြကာ သရုပ်ဆောင်မင်းထက်ရဲ့ တံတွေးနဲ့လှည့်ထွေးခဲ့တဲ့ လုပ်ရပ်ကြောင့်လည်း ဝေဖန်ပြောဆိုနေကြပါတယ်။
Source_MC