BEC-TERO TV

ပျော်ရွှင်တဲ့မိသားစုဘဝလေး ပိုင်ဆိုင်ချင်ပြီ ဟုပြောလာတဲ့ Shinee မင်နို

28 Sep 2018     1,351 Views


Shinee မင်နိုနဲ့ ထယ်မင်း တို့ဟာ Radio DJ တစ်ယောက်ဖြစ်တဲ့ မွန်ဟီးဂျွန်း ရဲ့ ရေဒီယို အစီအစဉ်မှာဧည့်သည်အနေနဲ့ ပါဝင်ခဲ့ကြပါတယ်။

သူတို့ရဲ့ အသက်သုံးဆယ်နောက်ပိုင်း ပြုလုပ်မယ့် အနာဂတ်အစီအစဉ်တွေကို မေးမြန်းတော့ မင်နိုက အသက်သုံးဆယ် ကျော်တာနဲ့ အိမ်ထောင်ပြုပြီး သာယာတဲ့ မိသားစုဘဝလေးကို တည်ထောင်ချင်တယ်လို့ ပြောခဲ့ပါတယ်။ အသက်သုံးဆယ်

နောက်ပိုင်းမှာလည်း  အဖွဲ့ နဲ့အတူ သီချင်းများကိုဆက်လက်လုပ်ဆောင်ချင်သေးပါတယ် လို့လဲပြောခဲ့ပါတယ်။ အသက် ၄၀ မပြည့်ခင် အိမ်ထောင်ပြုပြီး ကိုယ်ပိုင်မိသားစုဘဝလေးကို ထူထောင်ချင်ပါတယ်လို့ ပြောခဲ့ပါတယ်။

မွန်ဟီးဂျွန်းက ဒါတွေတွေးဖို့ ငယ်ပါသေးတယ် ဟုပြောသောအခါ မင်နိုက “ဖြစ်နိုင်ရင် ကျွန်တော်အမြန်ဆုံး အိမ်ထောင်ပြုချင်နေပြီ” လို့ ပြန်ပြောခဲ့ပါတယ်။

မင်နိုဟာ ကိုးရီးယားအသက်နဲ့ ဆိုရင် ၂၈ နှစ်ရှိပြီဖြစ်ပြီး နိုင်ငံတကာ အသက်ဆိုရင်တော့ ၂၇ နှစ်ရှိပြီဖြစ်ပါတယ်။

အဖွဲ့ ဝင်ဖြစ်တဲ့ ထယ်မင်းကလဲ “ကျွန်တော်အသက် ၃၀ နောက်ပိုင်းမှာ ကိုယ်လုပ်ချင်တာ ဖြစ်ချင်တာကိုပဲ ဦးစားပေြး့ပီး လုပ်ဆောင်သွားမှာပါ။ ကျွန်တော်ဆိုလိုတာက အခု ကျွန်တော့ငယ်ဘဝ အိမ်မက်က  အဆိုတော်ဖြစ်ချင်ခဲ့လို့ အဆိုတော်ဖြစ်အောင်လုပ်ခဲ့ပြီးပြီ ဆယ်နှစ်လုံးလဲ ရှုပ်ထွေးတဲ့ အချိန်ဇယားတွေနဲ့မအား လပ်နိုင်ခဲ့ဘူး။ ဒါကြောင့် ကျွန်တော်အသက် ၃၀ ကျော်ရင် ကျွန်တော့်ရဲ့ တခြား ဝါသနာတွေအတွက်လဲ အချိန်ပေးပြီး ဘဝမှာ မကြုံဘူးသေးတဲ့ အတွေ့အကြုံအသစ်တွေကို ရချင်တယ်” လို့ဆိုထားပါတယ်။


28 Sep 2018     1,351 Views




RELATED

Most Popular of Special or Others

Most Popular of TV SHOW