ဂျပန် အလှကုန် ပစ္စည်း ဖြစ်တဲ့ Kiss Me ရဲ့ Models ဖြစ်သွားတဲ့ Rose နဲ့ Jisoo
28 Sep 2018 1,543 Views
အမျိုးသမီး အဆိုတော်အဖွဲ့ဖြစ်တဲ့ Black Pink အဖွဲ့ ဝင် Rose’ နဲ့ Jisoo တို့ဟာ ဂျပန်နိုင်ငံရှိ နာမည်ကြီး အလှကုန် ပစ္စည်းဖြစ်တဲ့ Kiss Me ရဲ့ မော်ဒယ်အဖြစ် ရွေးချယ်ခြင်းခံရပါတယ်။
စက်တင်ဘာလထဲမှာပဲကြော်ငြာဓာတ်ပုံများရိုက်ကူးပြီးစီးသွားပြီဖြစ်ပါတယ်။ အောက်တိုဘာလ ၁ရက်နေ့မှာ Kiss Me ရဲ့ ဆိုရှယ်မီဒီယာ စာမျက်နှာမှာ ပုံများကို တင်ပေးမှာဖြစ်ပါတယ်။
မတူညီပဲကွဲပြားနေတဲ့ Rose ရဲ့ အချေစတိုင်နဲ့ ချစ်စရာကောင်းတဲ့ Jisoo တို့ရဲ့ ဟန်ပန်တို့ဟာ ဒီ brand အတွက် အလိုက်ဖက်ဆုံး ဖြစ်မယ်လို့ထင်တဲ့အတွက် ရွေးချယ်လိုက်တာပါ ဟု Kiss Me ကပြောကြားထားပါတယ်။