Hacker တစ်စုရဲ့ အကောင့်ဟက်ကာ ငွေညှစ်ခြင်းခံနေရတဲ့ စမိုင်းလ်
27 Sep 2018 1,419 Views
ဖြစ်ပျက်နေတာကြာပြီဖြစ်ပေမယ့် ယနေ့ချိန်ထိမရပ်သွားသေတဲ့ ကိစ္စတွေထဲမှာ နာမည်ကြီး မင်းသား၊ မင်းသမီးနဲ့ ဆယ်လီဘရစ်တီတွေရဲ့ အကောင့်တွေကိုဟက်ကာ ငွေညှစ်ခံရခြင်းပဲဖြစ်ပါတယ်။ Hacker တွေဟာ လူသိများထင်ရှားတဲ့ ဆယ်လီတွေအပြင် အနုပညာရှင်တော်တော်များများရဲ့အကောင့်တွေကိုဟက်ကာ အလှူပြုမယ်ဆိုပြီး ငွေညှစ်ကျတာဖြစ်ပါတယ်။ ယခုလဲ သရုပ်ဆောင်စမိုင်းလ်တစ်ယောက် သူမရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျနဲ့ အကောင့်ကို Hacker တစ်စုရဲ့ခိုးယူခြင်းကို ခံလိုက်ရပါတယ်။ အကောင့်ဟက်ကာ ငွေညှစ်ခံရတဲ့အကြောင်းကို သူမရဲ့ပရိသတ်တွေကို အသိပေးပြောဆိုထားတာဖြစ်ပါတယ်။
သူမအကောင့်ကို ခိုးယူသွားကြတဲ့ ဟက်ကာတွေရဲ့ကြောက်စရာကောင်းတဲ့လုပ်ရပ်ကြောင့် ထိတ်လန့်နေခဲ့ရကြောင်းကို ယခုလိုပဲ ရေးသားထားခဲ့ပါတယ်။
“Smile ရဲ့ ဒီ Page အပြင် Smile Maung အကောင့်ကို Hacker လူတစ်စုကခိုးဝင်ပြီး ငွေညှစ်လို့မနေ့က အွန်လိုင်းပေါ်မလာဖြစ်ဘူး.. ဒီလိုမျိုးလူတွေရဲ့အကောင့်တွေကို ခိုးဝင်ပြီးငွေညှစ်နေတာတွေ သူတို့တွေဘယ်နှစ်ယောက်လုပ်ပြီးပြီလဲ.. အလှူခံတယ် ပရဟိတဆိုပြီး ဓားမြတိုက်တာကြောက်စရာကောင်းလိုက်တာ..ကိုယ့်ရဲ့ Page ကိုဝင်ပြီးကိုယ့်ကိုထုတ်ပြီးငွေညှစ်ခံရတာ ကြောက်လည်းကြောက် စိတ်လည်းတိုတယ်.. အခုတော့ယောကျာင်္းက နားလည်တဲ့သူတွေနဲ့မေးမြန်းစုံစမ်းပြီး ရအောင်ပြန်လုပ်ပေးလို့ကျေးဇူးတင်ပါတယ်...” ဆိုပြီး ခင်ပွန်းသည်နဲ့ နားလည်တတ်ကျွမ်းသူတွေကြောင့် သူမအကောင့်လေး ပြန်ရသွားပြီဖြစ်ကြောင်း ရေးသားထားတာဖြစ်ပါတယ်။
ဆက်လက်ပြီး သူမအကောင့်ကိုဟက်ယူခဲ့တယ့် ဟက်ကာတွေရဲ့ အကောင့်နာမည်တွေကိုပါထုတ်ပြကာ နောက်လူတွေထပ်မခံရဖို့အတွက် Report ၀ိုင်းထုပေးကြဖို့ကိုလဲ ပရိသတ်တွေကိုတောင်းဆိုထားပါသေးတယ်။
“တစ်ခါတည်း ဒီလူအကောင့်တွေကို Htet Myat Ko, Kyaw Ko Ko Htoo, Kyaw Thu Moe ( Smile ရဲ့အကောင့်ကိုခိုးယူပြီးသူ့နာမည်ပြောင်းထားတာ ) Ty Well ဆိုတဲ့နာမည်တွေ Report လုပ်ပေးကြပါ .. Hacker တွေရဲ့အကောင့်တွေတစ်ခါတည်း နောက်ထပ်လူတွေမခံရအောင် ကူညီပေးကြပါနော်....လူအချင်းချင်းဒုက္ခပေးခြင်းကင်းဝေးရပါစေ” ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။ ပရိသတ်ကြီးကလဲ ကိုယ်ချစ်ရတဲ့အနုပညာရှင်တွေရဲ့အကောင့်တွေ ဟက်ကာတွေလက်ထဲပါမသွားအောင် Report ၀ိုင်းလုပ်ပေးလိုက်ကြပါဦးနော်....