တာမွေတွင် ဆိုင်ကယ်ပေါ်ကနေ ဆွဲကြိုးဖြတ်ပြေး ရုပ်သံ
27 Sep 2018 1,487 Views
တာမွေမြို့နယ်တွင် စက်တင်ဘာလ ၂၇ (ယနေ့) နံနက် ၈ နာရီအချိန်ခန့်က ကလေးကျောင်းပို့ပြီး ပြန်လာသော အမျိုးသမီးတစ်ဦး ၁၆၄ လမ်းထိပ်အရောက်တွင် ဆိုင်ကယ်စီးသူမှ ရွှေဆွဲကြိုးဖြတ်ပြေးကာ မောင်းနှင်ထွက်ပြေးသွားကြောင်း သိရှိရသည်။
ဆွဲကြိုးဖြတ်ခံရသူ အမျိုးသမီးမှာ ရုတ်တရက်ဖြစ်စဉ်ကြောင့် ခြေမကိုင်မိလက်မကိုင်မိဖြစ်ကာ ထိတ်လန့်ကြောက်ရွံ့နေတာကို ရုပ်သံတွင် မြင်တွေ့ရပြီး သူမ အော်ဟစ်အကူညီတောင်းသော်လည်း ဝိုင်းဝန်းကူညီသူ မရှိကြောင်း သိရှိရသည်။
ရုပ်သံ - SanayTun