ထူးဆန်းသော ပါဝင်ပစ္စည်းများနှင့်ပြုလုပ်ထားတော ကိုးရီးယား Face Mask များ
26 Sep 2018 1,493 Views
၁။ပုလဲ
ပုံမှန်ဆို ပုလဲလုံးလေးများကို ဆွဲကြိုး၊လက်စွပ် အစရှိတဲ့ လက်ဝတ်တန်ဆာအနေနဲ့့ပဲ အသုံးပြုလေ့ရှိပါတယ်။ သို့ပေမဲ့ ပုလဲကရရှိတဲ့ ဓာတ်တစ်မျိုးဟာ မျက်နှာအသားအရေ ကိုကြည်လင်တောက်ပစေတဲ့အတွက်ကြောင့် ပုလဲကိုအသုံးပြုပြီး face mask ကိုထုတ်လုပ်လေ့ရှိကြပါတယ်။
၂။ ပျားမှ ရရှိသောအဆိပ်
ပျားမှရရှိသော အဆိပ်ဟာဆိုရင် မျက်နှာအသားအရေကို သဘာဝအတိုင်း လှပနေတဲ့ ပုံစံအတိုင်း ထွက်ပေါ်လာအောင်ပြုလုပ်ပေးနိုင်ပါတယ်။ အသားအရေ ကိုလဲတင်းရင်း လှပစေပြီး အရေးအကြောင်း ပေါ်တာတွေကိုလဲ အမြန်ဆုံးပျောက်ကင်းစေနိုင်ပါတယ်တဲ့။
၃။ဝက်အရေပြားကရရှိသော ကော်လဂျင်တစ်မျိုး
ဝက်အရေပြားက ရတယ်ဆို်တော့ အံ့သြသွားလား ပျိုမေတို့ရေ။ ဝက်ရဲ့အရေပြား မှရရှိတဲ့ ဓာတ်တစ်မျိုးဟာ ဆိုရင် မျက်နှာအရေပြားကိုတင်းရင်းစေပြီး ရေဓာတ်ကိုလဲ ၁၀၀ ရာခိုင်နှုန်း ဖြည့်ပေးနိုင်ပါတယ်တဲ့နော်။
၄။မြင်းမှ ရရှိသော အဆီတစ်မျိုး
မြင်းတွေကို အလှကုန် ထုတ်လုပ်တဲ့နေရာမှာ အသုံးပြုတယ် ဆိုတာတော့ ထူးဆန်းလွန်းတဲ့ ကိစ္စတစ်ရပ်ပဲ မဟုတ်ပါလား။ ဒါပေမဲ့ မြင်းတစ်ကောင်က ရရှိတဲ့အဆီဟာဆိုရင် မျက်နှာအသားအရေရှိ ဆဲလ်သေများကို ဖယ်ရှားပေးပြီး အစိုဓာတ်ကို ဖြည့်တင်းပေးပါတယ်တဲ့။
၅။ငါးကြီးဆီ
ကျွန်မတို့ စားသုံးနေကြ အစားအစာထဲက တစ်ခုဖြစ်တဲ့ ငါးကြီးဆီကို face mask တွေမှာထည့် သွင်းအသုံးပြုကြပါတယ်တဲ့။ ငါးကြီးဆီမှာ ပါဝင်တဲ့ အိုမီဂါ ၃ ဆိုတဲ့ ဓာတ်တစ်မျိုးဟာဆိုရင်ဖြင့် ပျိုမေတို့ အသားအရေ တင်းရင်းလှပဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ဓာတ်တစ်မျိုးပါတဲ့နော်။
၆။ ငှက်သိုက်
ငှက်ရဲ့ အံဖတ်ကနေ ရရှိတဲ့ငှက်သိုက်ကို အားဆေးတစ်မျိုးအနေနဲ့ လူတွေသောက်သုံးဖို့ ထုတ်လုပ်ခဲ့ကြပါတယ်။ အဲ့ဒီ ငှက်သိုက်ကို အသားအရေ ထိန်းသိမ်းတဲ့ face mask ထုတ်လုပ်ရာမှာလဲ အသုံးပြုခဲ့ကြပါတယ်တဲ့။ ငှက်သိုက် မှာပါဝင်တဲ့ အမိုင်နို အက်ဆစ်နဲ့ ပရိုတင်း ဟာဆိုရင် အသားအရေယားယံ ခြင်းမှကာကွယ်ပေးပြီး အသားအရေကို ပုံမှန်ထက် နှစ်ဆတောက်ပလာစေပါတယ်တဲ့နော်။
၇။ ပင်လယ်ရေမှော်
ပင်လယ်ရေမှော်မှာ ပါဝင်တဲ့ ဗီတာမင်ဓာတ်ဟာရေဓာတ်အများဆုံးဖြည့်တင်းပေးပြီး အသားအရေ အမျိုးအစားမရွေး အသုံးပြုနိုင်ပါတယ်။
၈။ မီးတောင်မှရရှိသော ချော်ခဲ
မီးတောင်ရှင်မှရရှိသော ချော်ခဲမှာ ပါဝင်တဲ့ ဓာတ်တစ်မျိုးဟာဆိုရင် အသားအရေကို အတွင်းပိုင်းထိ သန့်ရှင်းစင်ကြယ်အောင် ပြုလုပ်ပေးနိုင်ပါတယ်။ အသားအရေ သန့်စင်ရာမှာသာ အသုံးပြုရတဲ့ အတွက် မိတ်ကပ်မလိမ်းခင်မှာ အသုံးပြုလျှင် မိတ်ကပ်ကွက်ခြင်း ကြာရှည်မခံခြင်းတို့မှ ကာကွယ်ပေးနိုင်ပါတယ်။
၉။ ခရုမှထွက်သော အကျိအချွဲများ
ခရုကောင်တွေဆီ က ရရှိတဲ့ အကျိအချွဲများဟာ ဝက်ခြံကြောင့် မျက်နှာမှာ ကျန်ရှိခဲ့တဲ့ အမာရွတ်များနှင့် နေလောင်ခြင်းမှ ရရှိသော အနီကွက်များကို အမြန်ဆုံးသက်သာ ပျောက်ကင်းစေပါတယ်။ခရုက ထွက်တဲ့ အကျိအချွဲ များမို့ ရွံစရာတော့ကောင်းပေမယ့် အသုံးပြုရတာတော့ တကယ်ကို အဆင်ပြေပါတယ်နော်။
၁၀။ မြည်း မှရရှိသော နို့(မြည်းနို့)
မြည်းတွေက ရရှိတဲ့ နို့ဟာ နွားနို့ ထက် ဗီတာမင် စီ ပိုပါဝင်သောကြောင့် ချွေးပေါက်ကျယ်ခြင်းကို ကာကွယ်ပေးပြီး အသားအရေကို ပုံမှန်ထက် နှစ်ဆ ဖြူဝင်းတောက်ပ စေပါတယ်။
၁၁။ ရွှေမှရရှိသော ရွှေမှုန်
ရွှေမှုန်နဲ့ ပြုလုပ်ထားသော face mask တွေဟာ မျက်နှာကို ဝါဝင်းတောက်ပစေပြီး ပုံမှန်ထက် ပိုမိုနူးညံ့စေကာ ငြိမ်းချမ်းတဲ့အသွင်ပိုင်ဆိုင်စေပါတယ်။
၁၂။ ခရမ်းချဉ်သီး
ခရမ်းချဉ်သီးမှာ ပါ တဲ့ ဓာတ်တစ်မျိုးဟာ မျက်နှာအရေပြားရှိ PH ဓာတ်ကိုညီမျှစေပါတယ်တဲ့။ ချွေးပေါက်များကိုလဲ ကျဉ်းစေပြီး ဝက်ခြံထွက်ခြင်းကိုလဲ ကာကွယ် တားဆီးပေးပါတယ်။
၁၃။ အချင်း
လူရဲ့ အချင်းကိုလဲ face mask ထုတ်လုပ်တဲ့နေရာမှာ အသုံးပြုပါတယ်တဲ့။ (မိန်းမသား တို့ မီးဖွားသောအချိန်တွင်ဖြတ်ထုတ်ပစ်ရသော အချင်းကို ဆိုလိုခြင်းဖြစ်သည်။) အချင်းကရရှိတဲ့ ဓာတ်တစ်မျိုးဟာ အသားအရေကို ရေဓာတ်ဖြည့်ပေးပြီး ဆဲလ်သေများကိုရှင်းလင်းပေးပြီး ဆဲလ် အသစ်ထုတ်လွှတ်ပေးရာမှာ အထောက်အကူပြုပါတယ်။
၁၄။ကြယ်ငါး
လှပတဲ့ ကြယ်ငါးတွေကိုလဲ face mask နဲ့ အလှကုန် ထုတ်လုပ်တဲ့နေရာမှာ အသုံးပြုလေ့ရှိကြပါတယ်။ ကြယ်ငါးတွေဟာ သူတို့ရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်း တစ်ခုခု ဆုံးရှုံးသွားရင်တောင် အမြန်ဆုံးပြန်လည် ဆဲလ်အသစ် အစားထိုးပြီး ၎င်း ကိုယ်အင်္ဂါအစိတ်အပိုင်းကို အကောင်းအတိုင်း ပြန်လည်ရရှိအောင်ပြုလုပ်နိုင်ပါတယ်။ ကြယ်ငါးရဲ့ အရေပြားမှရရှိသောကော်လဂျင် ဓာတ်တစ်မျိုးဟာ အသားအရေကို ကြည်လင်တောက်ပစေပြီး မျက်နှာပေါ်ရှိ အရေးအကြောင်းများကို အမြန်ဆုံး သက်သာပျောက်ကင်းစေပါတယ်။
၁၅။နဂါးသွေး
နဂါးသွေးဆိုပြီး တကယ့်နဂါးရဲ့ သွေးလို့ မထင်လိုက်ပါနဲ့နော်။ နဂါးသွေးလို ရဲရဲနီနေတဲ့ သစ်ပင်မှ သစ်စေးများကိုဆိုလိုတာဖြစ်ပါတယ်။ အဆိုပါသစ်စေးများဟာ မျက်နှာအရေပြား ပေါ်ရှိ ဝက်ခြံ ကြောင့် ဖြစ်ပေါ်လာသော အနာများ နှင့် အမာရွတ်များ ကိုအမြန်ဆုံး သက်သာပျောက်ကင်းအောင် ပြုလုပ်ပေးနိုင်စွမ်းရှိပါတယ်။ ထိရာ ရှရာအစရှိတဲ့ ဒဏ်ရာများကိုလဲ အမြန်ဆုံးအနာကျက်မြန်စေရန် ကူညီပေးနိုင်ပါတယ်။