မိန်းမလျာတစ်ဦးမှ ၄ တန်းကျောင်းသားအား ဆေးခပ်ပြီး အဓ္ဓမပြုကျင့်
26 Sep 2018 1,599 Views
တောင်ဥက္ကလာပမြို့နယ်တွင် ၄ တန်းကျောင်းသားအား တစ်လမ်းထဲအတူနေထိုင်သော မိန်းမလျာတစ်ဦးမှ ဆေးခပ်ပြီး အဓ္ဓမပြုကျင့်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း လူမှုကွန်ယက်ပေါ်တွင် စက်တင်ဘာလ ၂၅ ရက်နေ့က ပျံ့နှံ့ခဲ့သည်။
Oakala News ၏ ဖော်ပြချက်အရ ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ် အမှတ် ၅ ရပ်ကွက်၊ ၂၂ လမ်းတွင် နေထိုင်ပြီး အ.ထ.က(၄) တွင် ပညာသင်ကြားလျှက်ရှိသော စတုတ္ထတန်းကျောင်းသား မောင် _________ အား တလမ်းထဲတွင်အတူနေထိုင်ကာ ပေါ်ပေါ်အလှပြင်ဆိုင် ဖွင့်ထားသော ရန်နိုင်(ခ)ပေါ်ပေါ် မှ စက်တင်ဘာလ ၂၄ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်က ကလေးနှစ်ဦး လမ်းထဲတွင် ကစားနေစဉ် မောင်_________ အား သူနဲ့လိုက်ခဲ့ရန် ခေါ်ဆောင်သွားခဲ့သည်။
အိမ်ရောက်သည့်အခါ အသင့်ပြုလုပ် ဆေးခပ်ထားသော အအေးကို တိုက်ပြီးနောက် ကလေးအား အဓ္ဓမပြုကျင့်ခဲ့သည်။ အဖြစ်ပျက်ကို ကလေး၏ မိဘများ သိရှိသွားခဲ့ပြီးနောက် တောင်ဥက္ကလာပမြိုနယ် အမှတ် (၁၇) ရဲစခန်းကို တိုင်းကြားခဲ့ရာ သက်ဆိုင်ရာရဲစခန်းမှ တရားဥပဒေနဲ့အညီ ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။