BEC-TERO TV

ကျပ် ၁၀,၀၀၀ ငွေစက္ကူတုနဲ့ ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ

25 Sep 2018     1,408 Views


၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့ ည ၇ နာရီ ၃၉ မိစ် အချိန်တွင် သထုံမြို့၊ လိပ်အင်းရပ်ကွက်နေ ဒေါ်ဌေးဌေး(၅၀)နှစ်၏ နေအိမ်အား သထုံခရိုင်ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့မှ ဝင်ရောက်ရှာဖွေရာ ဒေါ်ဌေးဌေး၏ နေအိမ်တွင် ရောက်ရှိတည်းခိုနေသော ဇော်မင်းနိုင်(ခ) ကိုဇော်(၄၆)နှစ်၏ အခန်းအတွင်းမှ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၁၂၅၄၅ ရွက်၊ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအစစ် ၃ ရွက်၊ ၁၀,၀၀၀ ငွေစက္ကူအား မိတ္တူတစ်ခြမ်းကူးထားသည့် A4 စာရွက် ၂၂၀ ရွက်၊ မိတ္တူ ၂ ဖက်ကူးထားသည့် A4 စာရွက် ၉ ရွက်၊ ကာလာပရင်တာ ၁ လုံး၊ MYANMAR စာတန်းပါမိုလောင်းထားသည့် ခဲပြားကပ်ထားသော ဖိစက် ၁ ခု၊ စက္ကူဖြတ်စက် ၁ ခု၊ ပရင်တာဆေးရည် ၄ ဗူး၊ ပလပ်စတစ်တိတ်ခွေ ၂ ခွေ၊ Safeguard ၁ ခု၊ မီးကြိုးခွေ ၁ ခွေ၊ ပေတံ ၁ ချောင်း၊ ကော်ဗူး ၃ ဗူး၊ ရေစာတံဆိပ်တုံး ၂ ခု၊ ခဲမို ၁ ခု၊ မှတ်ပုံတင် ၁ ခု၊ ခါးပတ်အိတ် ၁ လုံးနှင့် ဖုန်း ၃ လုံးတို့အား သိမ်းဆည်းရမိခဲ့ပါသည်။

ဇော်မင်းနိုင်(ခ)ကိုဇော်သည် လွန်ခဲ့သော ၁ လခန့်မှစ၍ ဒေါ်ဌေးဌေး၏နေအိမ်တွင်ရောက်ရှိ တည်းခိုနေပြီး ဇော်မင်းနိုင်(ခ)ကိုဇော်ထံသို့ သထုံမြို့နယ်၊ အလံတစ်ရာကျေးရွာနေ ဘိုလေး(စိစစ်ဆဲ) ရောက်ရှိလာပြီး ဇော်မင်းနိုင်(ခ)ကိုဇော်၏ အခန်း၌ ငွေစက္ကူအတုများအား ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် စက်တင်ဘာလ ၂၅ ရက်နေ့ ၀၀၃၀ အချိန် ဒေါ်ဌေးဌေး၊ ဇော်မင်းနိုင်(ခ)ကိုဇော်တို့ ၂ ဦး(ဖမ်းမိ)နှင့် ဘိုလေး(ဖမ်းမမိ)တို့အား သထုံမြို့နယ်ရဲစခန်း(ပ)၇၉၅/၂၀၁၈၊ ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေး လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။



 


25 Sep 2018     1,408 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS