BEC-TERO TV

ဆိုင်ကယ်ဖြင့် ရွာကိုလိုက်ပို့မည်ဟုဆိုပြီး ၁၅ နှစ်မိန်းကလေးတစ်ဦး သားမယားပြုကျင့်ခံရ

17 Sep 2018     1,297 Views


စက်တင်ဘာလ ၁၅ ရက်နေ့တွင် ဘုရားဖူးထွက်လာသည့် ၁၅ နှစ် အရွယ်မိန်းကလေးကို အမျိုးသားတစ်ဦးက ဆိုင်ကယ်ဖြင့် လိုက်ပို့ပေးမည်ဟု ပြောဆိုခေါ်ဆောင်ကာ လမ်းခုလတ်တွင် သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း သိရသည် ။
 
ဖြစ်စဉ်မှာ ၁၅ ရက်နေ့ နံနက် ၈ နာရီခွဲခန့်က ညောင်ဦးမြို့ နယ်သို့ ဘုရားစုံဖူးပြီးနောက် ရွှေစည်းခုံဘုရားမှ ရွာသို့ပြန်ရန် ည ၇ နာရီခန့်တွင် ရွှေစည်းခုံလိုင်း ကားဂိတ်သို့ သွားရောက်ခဲ့ရာ ကားဂိတ်မရောက်မီ အသက် (၄၀)ကျော်ခန့်ရှိ အမျိုးသားတစ် ဦးက ဆိုင် ကယ်ဖြင့် ရောက်ရှိလာပြီး “ဘယ်သွားမှာလဲ”ဟု မေးမြန်းသဖြင့် ရွာသို့ပြန်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည် ။ အဆိုပါ အမျိုးသားမှာ “ပုဂံမြို့သစ်ထိရောက်မယ်၊ မြို့သစ်ရောက်ရင် နင့်အိမ်ကိုဖုန်းဆက်” ဟု ပြော သဖြင့် ယုံကြည်ပြီး လိုက်သွားခဲ့ရာ အနောက်ဖွားစောကျေးရွာ အနောက်မြောက်ဘက် ကိုမောက်ကန် (နေ၀င်ချိန်ကြည့်ကုန်းမြင့်)အရောက်တွင် ဆိုင်ကယ်ရပ်ပြီး မ….အား လမ်းဘေးချုံထဲသို့ အတင်းဆွဲ ခေါ်ခဲ့ပြီး မ… သည် အော်ဟစ် အကူအညီ တောင်းခံသော်လည်း မှောင်မည်းလူပြတ်နေသဖြင့် မည်သူမျှမကြားကြောင်း ထို့အပြင် သတ်ပစ်မည်ဟု ခြိမ်းခြောက်ကာ ချုံထဲအရောက်၌ သားမယားအဖြစ်ပြုကျင့်ခံခဲ့ရသည်ဟု အကုန်သိသတင်းဌာနတွင် ရေးသားဖော်ပြထားပါသည် ။
 
 
မ…..၏ ပြောပြချက်အရ အခင်းဖြစ်စဉ် ပြုကျင့်သူသည် ရွှေစည်းခုံဘုရားပေါ်တွင် လုံခြုံရေးဝန်ထမ်း ၀တ်စုံဝတ်ဆင်သည်ကို သတိထားမိကြောင်း သိရှိရ၍ ညောင်ဦးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်တို့နှင့် ချိတ်ဆက်စုံစမ်းရာ တရားခံနှင့် ပုံသဏ္ဍာန်တူသူမှာ ညောင်ဦးမြို့၊ အမှတ်(၅)ရပ်ကွက်တွင်ရှိကြောင်း သိရှိရသဖြင့် သွားရောက် ရှာဖွေခဲ့ရာ  အေးလွင်၊ (၄၃)နှစ်၊ ညောင်ဦးမြို့နယ်နေသူဖြစ်ပြီး အခင်းဖြစ်စဉ်က ၎င်းမောင်းနှင် သော ဆိုင်ကယ်၊ ဆိုင်ကယ်စီးဦးထုပ်နှင့် အတူ တွေ့ရှိရသည် ။
 
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး အေးလွင် ၄၃ နှစ်ကို ရဲစခန်းမှ (ပ) ၇၇/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၇၆ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည် ။

17 Sep 2018     1,297 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS