ပြည့်တန်ဆာလုပ်ကိုင်ရန် ငြင်းဆန်သဖြင့် ဓါးနဲ့လှီးခံရသူ မိန်းကလေး(ရုပ်သံ)
12 Sep 2018 2,869 Views
မကွေးမြို့တွင် အသက်မပြည့်သေးသူ မိန်းကလေးတစ်ဦးအား ပြည့်တန်ဆာခေါင်းဖြစ်သူမှ ပြည့်တန်ဆာအဖြစ် အတင်းအဓ္ဓမစေခိုင်ရာ မိန်းကလေးက ငြင်းဆန်ခဲ့သဖြင့် ကြိုးတုပ်နှိပ်စက်ကာ ဓားနဲ့လှီးခံရမှုဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။
မစန်းဝင်းအေး
အဆိုပါဖြစ်စဉ်မှာ သြဂုတ်လ ၂၉ ရက်နေ့က ဖြစ်ပွားခဲ့ပြီး ရန်ကုန်မြို့ တံတားလေးရပ်ကွပ်မှ သူငယ်ချင်းဖြစ်သူနဲ့အတူ မကွေးမြို့သို့ လွန်ခဲ့သော တစ်နှစ်ခန့်က ရောက်ရှိနေခဲ့သူ မစန်းဝင်းအေး ဆိုသူ အသက်မပြည့်သေးသည့် မိန်းကလေးအား ပြည့်တန်ဆာခေါင်း လုပ်ကိုင်စားသူ ဦးဆလိုင်း(ခ)သီဟ ဆိုသူက ပြည့်တန်ဆာအဖြစ် အတင်းစေခိုင်းခဲ့ရာ ငြင်းဆန်ခဲ့သဖြင့် တပည့်ဖြစ်သူ (၂)ဦးဟား ကြိုးတုပ်ခိုင်းကာ နှိပ်စက်ပြီး ဓားနဲ့လှီးစေခိုင်ခဲ့သည်။
ထက်သီဟဦး ၊ ဝီလီယံထက်
တာဝန်ရှိသူအုပ်ချိုပ်ရေးမှူးများက ဦးဆလိုင်း(ခ)သီဟ ၏ တပည့်နှစ်ဦးဖြစ်သူ ဝီလီယံထက် နှင့် ထက်သီဟဦး တို့နှစ်ဦးအား ဖမ်းဆီးမိပြီး စစ်ဆေးနေသည့် ဗီဒီယို အွန်လိုင်းတွင် နာရီပိုင်းအတွင်းက ပျံ့နှံ့ခဲ့သည်။
မစန်းဝင်းအေး ၏ မျက်နှာ ဘယ်ဖက်မျက်လုံးတွင် ထိုးကြိတ်ခံထားရသော မျက်ကွင်းညိုဒဏ်ရာနှင့် ခြေထောက်နှစ်ဖက်လုံးတွင် ဓားဖြင့်လှီးခံထားရသော ဒဏ်ရာများကို တွေ့ရှိခဲ့ပါတယ်။
သက်ဆိုင်ရာ တာဝန်ရှိသူများအနေနဲ့ အမြန်ဆုံးအမှုမှန်ဖော်ထုတ်ပြီး ကျူးလွန်ခဲ့သူ တရားခံအား ထိုက်တန်သည့်ပြစ်ဒဏ်ပေးနိုင်ရန် ဖော်ပြအပ်ပါသည်။
ရုပ်သံ - ဇော်မျိုးလင်း