အငြင်းပွားစရာဖြစ်နေတဲ့ မန္တလေးက ယာဉ်ထိန်းရဲအရာရှိ ဗီဒီယိုပျံ့နှံ့ (ရုပ်သံ)
11 Sep 2018 1,531 Views
မန္တလေးမြို့တွင် တာဝန်ထမ်းဆောင်နေသော ယာဉ်ထိန်းရဲအရာရှိတစ်ဦးဟာ ဖမ်းဆီးရမိသော စည်းကမ်းမဲ့ မော်တော်ဆိုင်ကယ်များကို ဒဏ်ငွေချလံဖြတ်ရမည့်အစား ဒဏ်ကြေးကြေးအချို့ရယူကာ ပြန်လွှတ်ပေးနေတဲ့ ဗီဒီယိုတစ်ခု အွန်လိုင်းပေါ် ပျံ့နှံ့ခဲ့ပါတယ်။
ဒီဗီဒီယိုအပေါ် အမြင်မတူပဲ ဝေဖန်မှုတွေရှိနေခဲ့ပါတယ်။
ဝေဖန်သူတစ်ဦးက “အမှန်တစ်ကယ်ပေးရမယ့် ဒဏ်ကြေးကမြင့်ပြီး ရုံးမှာသွားဆောင်ရတဲ့အခါ အချိန်ကုန်တယ်။ ဒီလိုညှိနှိုင်းလိုက်တော့ အချိန်လဲမကုန် ပိုက်ဆံလဲသက်သာတယ်” လို့ ရေးသားခဲ့ပါတယ်။
နောက်တစ်ဦးကတော့ အဖမ်းမခံချင်ရင် အစထဲက စည်းကမ်းရှိဖို့ လိုအပ်ကြောင်း၊ အဖမ်းခံရလို့ ညှိနှုငိးပြီး ပြန်လွှတ်ပေးပြန်တော့ ဝန်ထမ်းက လာဘ်စားတယ်ဖြစ်ပြန်ရော၊ အခုဆိုရင် အဆိုပါရုပ်သံကြောင့် အရာရှိနဲ့ မိသားစုအတွက် နစ်နာစရာတွေ ရှိလာနိုင်ကြောင်း ဝေဖန်ပြောဆို ငြင်းခုန်လျှက်ရှိကြပါတယ်။
ဗီဒီယိုပါရုပ်သံအရ ဆိုင်ကယ်စီးဦးထုတ် မပါပဲ စီနင်းသော မော်တော်ဆိုင်ကယ်များ၊ လိုင်စင်သက်တမ်းလွန် ဆိုင်ကယ်များကို ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား ချလံဖြတ်ရမည့်အစား ဆိုင်ကယ်ပိုင်ရှင်များနဲ့ ညှိနှိုင်းကာ အမှန်တစ်ကယ်ဆောင်ရမည့် ဒဏ်ငွေ(နိုင်ငံတော်က ရရှိမည့်ငွေ) အစား သက်သာသော ငွေကြေးရယူကာ ပြန်လည် လွှတ်ပေးနေကြောင်း တွေ့ရှိရသည်။
အဂတိလိုက်စားမှု ပပျောက်ရန် ဆိုသည်မှာ ဝန်ထမ်းများဘက်ကသာမက ပြည်သူများဘက်ကလည်း ကျင့်ဝတ်များ လိုက်နာစောင့်ထိန်းရန်လိုပါတယ်။ မိမိအပြစ်အတွက် ရဲရဲဝံ့ဝံ့ ဒဏ်ငွေဆောင်ရဲတဲ့ သတ္တိမျိုးမွေးရန် လိုအပ်သလို ဝန်ထမ်းများဘက်ကလည်း မိမိရဲ့ဂုဏ်သိက္ခာ၊ ဝန်ထမ်းတစ်ရပ်လုံးရဲ့ ဂုဏ်သိက္ခာကို လေးစားသည့်အနေနဲ့ ကျင့်ဝတ်များကို မှန်မှန်ကန်ကန် လိုက်နာ ဆောင်ရွက်သင့်ကြောင်း ဖော်ပြအပ်ပါတယ်။
Video Credit: Thar Zoe