BEC-TERO TV

ရွှေပြည်သာမြို့ တွင် ၁၂ နှစ်ကလေးမလေးတစ်ဦး အကြိမ်ကြိမ်အဓမ္မပြုကျင့်ခံရ

05 Sep 2018     1,331 Views


စက်တင်ဘာ ၄ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်တွင် ပထွေးဖြစ်သူက ၁၂ နှစ်အရွယ်မယားပါသမီးအား အကြိမ်ကြိမ်အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည် ။
 
ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၉)ရပ်ကွက်၊ ခတ္တာလမ်းရှိ နေအိမ်တွင် မိခင်မရှိခိုက် အသက် ၅၀ နှစ်ပထွေးက မယားပါသမီး မ ------- အား အဓမ္မပြုကျင့်နေသည်ကို အိမ်နီးနားချင်ပြည်သူများက မြင်ပြီး  ရပ်ကွက် အုပ်ချုပ်ရေးမှူးထံ ဖုန်းဆက်တိုင်ကြားခဲ့သည် ။
 
 
ထိုရာတွင် ရဲများက ရောက်ရှိလာကာ ဦးမြင့်ဦးအား ရပ်ကွက်ရုံးသို့ခေါ်ဆောင်ပြီး အမျိုးသမီးရေးရာအဖွဲ့မှ မ---အား မေးမြန်းရာ ယခင်ကလည်းအကြိမ်ကြိမ်ကျူးလွန်ခဲ့ပြီး ၄င်းအား ခြိမ်းခြောက်ထားသဖြင့် ကြောက်ပြီး မိခင်ထံ မပြောပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 
 
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ဦးမြင့်ဦးကို ရွှေပြည်သာမြို့မရဲစခန်းမှ (ပ) ၁၁၈ရ/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ-၃၇၆ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည် ။

05 Sep 2018     1,331 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS