လူငယ်တစ်ဦး ကမ်းပါးအစွန်းမှာ ဆယ်ဖီဆွဲရာမှ ပြုတ်ကျပြီး ရေနစ်သေဆုံး
05 Sep 2018 1,403 Views
စက်တင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် အသက် ၂၀ အရွယ်လူငယ်တစ်ဦး ကမ်းပါးအစွန်းမှာ ဆယ်ဖီဆွဲရင်း ရေညှိနဲ့ချောကာ ကမ်းပါးထဲပြုကျပြီး ရေနစ်သေဆုံးခဲ့သည် ။
ဖြစ်စဉ်မှာ မုံရွာမြို့နယ်၊ ကျောက္ကာရွာရှိ ထန်းဇလုပ် အပန်းဖြေစခန်းတွင် ကမ်းပါးအစွန်းမှာ ဓာတ်ပုံသွားရိုက်ရာကနေ ရေကြီးတုန်းက တင်ကျန်နေခဲ့တဲ့ ရေညှိနဲ့ချောပြီး ပြုတ်ကျသွားတာဖြစ်တယ်လို့ သိရပါသည် ။ ရေနစ်သေဆုံးသူမှာ မြိုင်မြို့နယ်၊ သီတင်းပင်ရွာနေ အသက် ၂၀ အရွယ် မောင်စိုးမင်းထက်ဆိုသူဖြစ်ပြီး အလောင်းတွင် ပြင်ပဒဏ်ရာ မတွေ့ခဲ့ကြောင်း သိရသည် ။
“ညနေ ၅ နာရီလောက် ရေအောက်ကြမ်းပြင်ကနေ သေဆုံးအလောင်းကို ရှာဖွေနိုင်ခဲ့ပါတယ်။ ဒီနှစ်အတွင်း ထန်းဇလုပ်အပန်းဖြေစခန်းမှာ ၂ ကြိမ်မြောက်ဖြစ်တာပေါ့။ သေတာတော့ ၃ ယောက်ပေါ့။ ဒီနေရာတွေမှာ ရေမကူးရ ဆိုတဲ့ သတိပေးဆိုင်းဘုတ် ၅ ခုလောက်လည်း ထောင်ထားတယ်။ အဓိကကတော့ ရေဆော့တဲ့သူတွေကို ပြောချင်တယ်။ ဒီမှာ နှစ်စဉ်လိုလိုသေတတ်တာကိုလည်း သိကြတယ်။ သတိပေးဆိုင်းဘုတ်တပ်ပေမယ့် လိုက်နာကျင့်ကြံနိုင်မှ အဆင်ပြေမှာ။ မလိုက်နာရင်တော့ ဒါမျိုးတွေကြုံတွေ့ရဦးမှာပါပဲ” ခရိုင်မီးသတ် ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီဇော်ကပြောသည်ဟု ဒီဗွီဘီသတင်းဌာနတွင် ရေးသားဖော်ပြထားပါသည် ။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး အလောင်းကို မုံရွာဆေးရုံကြီးသို့ ရဲဆေးစာဖြင့်ပို့ဆောင်ထားပြီး ဆက်လတ်စစ်ဆေးနိုင်ရန် သေမှုသခင်းဖွင့်မည်ဟု သိရသည်။