ရထားလမ်းကူးဖြတ်သော သားအဖရထားတိုက်မိသဖြင့် ပွဲချင်းပြီးသေဆုံး
30 Aug 2018 1,367 Views
သြဂုတ်လ ၂၈ ရက် ညနေ ၃ နာရီခွဲခန့် တွင် ဆိုင်ကယ်ဖြင့် ရထားလမ်းဖြတ်ကူးစဉ် ဆိုင်ကယ်နှင့် ရထားတ တိုက်မိခဲ့သဖြင့် သားအဖနှစ်ဦးမှာ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု သိရသည် ။
ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နှင့် ဇီးကုန်းမြို့ကြား မိုင်တိုင်အမှတ်-၁၂၁/၂၁-၂၂ ကြားတွင် မိသားစုဝင်သုံးဦး စီးနင်းလာသည့် ဆိုင်ကယ်နှင့် ရထား တိုက်မှုဖြစ်ပွားခဲ့သဖြင့် တာဝန်ခံအဖွဲ့ နှင့်အတူ ရဲများသွားရောက်ကြည့်ရှူ့ စစ်ဆေးခဲ့သည် ။ အခင်းဖြစ်ပွားသည့်နေရာတွင် စစ်ဆေးချက်အရ ကိုမင်းမင်းဌေး အသက် ၂၈ နှစ်က ဆိုင်ကယ်မောင်းနှင်သူဖြစ်ပြီး ဆိုင်ကယ်ဖြင့် ရထားလမ်းဖြတ်ကူးနေစဉ် အမှတ် ( ၆၁၀ ) အစုန် ရထားစက်ခေါင်း အမှတ် RBE – 2523 ရထားက ဝင်တိုက်မိခဲ့ခြင်းဖြစ်သည် ။
ထိုသို့ ရထားနှင့် ဆိုင်ကယ်တိုက်သွားမှုကြောင့် ကိုမင်းမင်းဌေး ၂၀ နှစ်မှာ ပေါင်ကျိုး၊ နားနှစ်ဖက်သွေးများ ထွက်လျက်နှင့် ၂ နှစ်အရွယ်သားဖြစ်သူ အောင်မြတ်ကို မှာ ဦးခေါင်းပေါက်ပြဲဒဏ်ရာဖြင့် သားအဖနှစ်ဦးစလုံး မှာ နေရာ၌ သေဆုံးသွားခဲ့ပြီး ဇနီးဖြစ်သူ မအေးအေးနိုင် ၂၉ နှစ်မှာ အောက်မေးရိုးကျိုး ဒဏ်ရာ ယာဘက်မေးစေ့ပေါက်ပြဲဒဏ်ရာရရှိသဖြင့် တာဝန်ရှိသူများက ဆေးရုံသို့ တင်ပို့ခဲ့ကြောင်း သိရသည် ။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး မြို့ မရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် (၁၁/၂၀၁၈) ဖြင့် အမှုဖွင့်လှစ်ထားပြီး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည် ။