ချစ်စရာကောင်းတဲ့ မိသားစုပုံရိပ်လေးတွေတင်လိုက်တဲ့ သက်မွန်မြင့်
27 Aug 2018 1,849 Views
အနေအထိုင်တည်ငြိမ်အေးဆေးပြီး အပြစ်ဆိုစရာမရှိအောင် ရိုးသားဖြူစင်လွန်းတဲ့ စိတ်ထားလေးကြောင့် ပရိသတ်တွေသဲသဲလှုပ်ချစ်နေကြရတဲ့ မင်းသမီးတစ်ယောက်ဖြစ်တဲ့ သက်မွန်မြင့်ဟာ အောင်မြင်မှုတွေများစွာကိုလည်း ရရှိပိုင်ဆိုင်ထားသူလေးတစ်ယောက်ဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေတဲ့ သူမက အချိန်ရရင်လဲရသလို မိသားစုတာဝန်ကိုကျေပွန်အောင်ထမ်းဆောင်နေသူတစ်ယောက်ပါ....
ရှုတင်ကပျော်စရာပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် ဝေမျှပေးလေ့ရှိတဲ့ သက်မွန်က ရှုတင်နားချိန် မိသားစုကိုအချိန်ပေးရင်း ချောင်းသာမှာပျော်ပါးနေကြတဲ့ ပုံလေးတွေကို မျှဝေထားတာကိုတွေ့ရပါတယ်။ သားနဲ့သမီးလေးနှစ်ယောက်နဲ့အတူ အေးချမ်းတဲ့မိသားစုဘ၀လေးကို ပုံဖော်နေတဲ့ ချစ်သက်တို့ မိသားစုရဲ့ပျော်ရွှင်နေတဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်....