ဖခင်ဖြစ်သူကို မူးယစ်ရမ်းကားသည့် သားဖြစ်သူမှ ရန်ရှာသဖြင့် လူသတ်မှုဖြစ်ပွား
27 Aug 2018 1,416 Views
သြဂုတ်လ ၂၆ ရက်နေ့တွင် မူးယစ်ရမ်းကားသည့် သားဖြစ်သူမှ အဖေဖြစ်သူ၏ အသက်အားရန်ရှာသဖြင့် ဖခင်ဖြစ်သူက ပြန်လည်ခုခံရာ သားဖြစ်သူသေဆုံးသွားကြောင်း သိရသည် ။
ဖြစ်စဉ်မှာ မြိတ်မြို့၊ အလယ်ကျွန်းနယ်မြေ၊ ပါရမီ ၂ ရပ်ကွက်တွင် လမ်းသွယ် ရှိ ဦးစိုးလွင်(ခ)ဦးအာလစ် နေအိမ်အပေါ်ထပ်တွင်ရှိနေစဉ် နေအိမ်အောက်ထပ်တွင်ရှိသည့်သားဖြစ်သူ အေးနိုင်(ခ)မတ်ရှာဖီက နေအိမ်အောက်ထပ်မှာရှိတဲ့ ပရိဘောဂတချို့ကို ဖျက်ဆီးပြီးကလေးများအား ရိုက်နှက်နေပါသည် ။
ထိုရာတွင် ဦးစိုးလွင်မှ ကလေးများကိုမရိုက်နှက်ရန်ပြောဆိုဆုံးမစဉ် အေးနိုင်(ခ)မတ်ရှာဖီမှ ၎င်းနေထိုင်သည့် အိမ်အပေါ်ထပ်သို့ တက်ကာ ဆဲဆိုကြိမ်းမောင်းပြီး ဓါးရှည်ဖြင့်ခုတ်ရန်ပြုတာကြောင့် ဦးစိုးလွင်(ခ)ဦးအာလစ်မှ အနီးရှိ တံခါးမင်းတုံးဖြင့် ရိုက်ခဲ့ကြောင်းသိရပါတယ်။ အေးနိုင်(ခ)မတ်ရှာဖီတွင် ဝဲဘက်ဦးခေါင်းနောက်စေ့ဖူးရောင်ပေါက်ပြဲဒဏ်ရာ၊ဝဲဘက်ပါးပြင်ညိုမဲဒဏ်ရာနှင့် ဝဲဘက်နားသွေးထွက်ဒဏ်ရာများရရှိပြီး တာဝန်ရှိသူများမှ မြိတ်ပြည်သူ့ဆေးရုံသို့ပိုဆောင်စဉ် ရရှိဒဏ်ရာဖြင့်သေဆုံးသွားကြောင်းသိရပါတယ်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ဖခင်ဖြစ်သူကို မြိတ်မြို့မ ရဲစခန်းမှ လူသတ်မှု ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အရေးယူထားကြောင်းသိရပါတယ်။