ကျူးကျော်နေသူများ ကျပ် ၇သောင်း ၁ သိန်းနဲ့ တိုက်ခန်းပိုင်ရဖို့ အစိုးရစီစဉ်နေ
27 Aug 2018 1,312 Views
ကျူးကျော်နေထိုင်ရသော ပြည်သူများအတွက် ကျပ်ငွေ ၇ သောင်း၊ ၁ သိန်းခန့် ပေးရုံဖြင့် တိုက်ခန်းပေါ်ရောင်အောင် ဆောင်ရွက်ပေးမည့် အစီစဉ်များကို ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ကျူးကျော်နေသူများကို လက်တွေ့ကွင်းဆင်းမေးမြန်းပြီးမှ အဆိုပါ ငွေပမာဏလောက်နဲ့ တိုက်ခန်းပေါ်ရောက်အောင် ဆောင်ရွက်ပေးဖို့ကို စီစဉ်နေတာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
“သူတို့ကို ကျနော်မေးပြီးပါပြီ ၇ သောင်း ၁ သိန်းလောက်ဆိုရင် သူတို့ပေးနိုင်ပါတယ်။ သူတို့ကို နှစ်ရှည်ချေးငွေနဲ့ ဒီအိမ်တွေကို ဆောက်ပေးနိုင်မလား။ ဒါသူတို့ဘက်က လိုချင်မှာ။ သူတို့လည်း ဒီရေဗွက်ရေအိုင်ထဲက ကျူးကျော်ဘဝက သူတို့လွတ်ချင်ပါတယ်။ ကျနော်တို့က လည်း လုပ်ပေးချင်ပါတယ်။ ဒါပေမယ့် ဒီရင်းနှီးမြှုပ်နှံမှုကို လာလုပ်မယ့် ရင်းနှီးမြှုပ်နှံမှု ကြီးကြီးကို ကျနော်တို့ ညှိနှိုင်းနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါဟာ နှစ်ရှည်ချေးငွေ တခုနဲ့ အနှစ် ၃၀ လောက် ရင်းနှီးမြှုပ်နှံရမှာ ဖြစ်ပါတယ်။”
တိုင်းအစိုးရက ကျူးကျော်နေသူများကို စိစစ်ကာ စမတ်ကတ်များ ထုတ်ပေးထားခဲ့ပြီး စာရင်းများအရ စမတ်ကတ်ရရှိထား အရေအတွက် ၁ သိန်းမှာ မိသားစုများအပါအဝင် လူဦးရေ ၄ သိန်းခန့်ရှိကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
တိုက်ခန်းပေါင်း တစ်သိန်းခွဲခန့် ပါဝင်မည့် အဆိုပါစီမံကိန်းကို အကောင်အထည်ဖော်နိုင်ရန် အစိုးရနှင့်ပူပေါင်းပြီး ရင်းနှီးမြုတ်နှံမည့်သူများကို ဖိတ်ခေါ်ဆွေးနွေးကာ မြေနေရာရှာဖွေမှုတွေ ပြုလုပ်နေကြောင်း ပြောကြားခဲ့ပါတယ်။
သတင်းရင်းမြစ် - DVB