BEC-TERO TV

့ကမ္ဘောဇဘဏ်ခွဲအတွင်း ဓားပြတိုက်သူကို နာရီပိုင်းအတွင်းဖမ်းဆီးရမိ

24 Aug 2018     1,312 Views


သြဂုတ်လ ၂၄ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်ခန့်တွင် ကမ္ဘောဇဘဏ်ခွဲ ၃ အတွင်း ဓားရှည်ကိုင်ဆောင်ကာ ငွေကျပ် ၅ သိန်း ဓားပြတိုက်သွားခဲ့သည်ဟု သိရသည် ။ ( အောက်ဆုံးတွင် ဗီဒီယိုဖိုင်တွဲတင်ပေးထားပါသည် )
 
 
ဖြစ်စဉ်မှာ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ နောက်လယ် ရပ်ကွက်၊ ပိတောက်ရွှေဝါလမ်းမကြီးရှိ ကမ္ဘောဇဘဏ် ၃ သို့ အမျိုးသား ၁ ဦးသည် ဓားကိုင်ကာ အနုကြမ်းစီးမှုဝင်ရောက်လာသည် ။ ထိုအမျိုးသားက ကောင်တာသို့သွားရောက်ပြီး ငွေကျပ် ၅ သိန်း ယူဆောင်သွားခြင်း ဖြစ်သည်ဟု သိရသည် ။
 
 
“ ဓားနဲ့ အမျိုးသား ၁ ဦးက၀င်လုတာပါ။ ကောင်တာလူတွေဆီက ငွေ ၅ သိန်း ပါသွားတယ်။ လူတွေထိခိုက် ဒဏ်ရာ ရတာမျိုးတော့ မရှိပါဘူး။ မြိတ်တောင်နယ်မြေ၊ရွှေယင်းမာလမ်းမှာ နေ့လယ် ၂ နာရီခွဲဝန်းကျင်က ဖမ်းမိတာပါ” ဟု မြိတ်မြို့မရဲစခန်းမှ ဒုရဲအုပ်ကျော်ဇေလင်းကပြောသည်ဟု အကုန်သိသတင်းဌာနတွင် ရေးသားဖော်ပြထားပါသည် ။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး တရားခံဖြစ်သူကို ရဲစခန်းမှ မြိတ်မြို့မရဲစခန်းသို့ဖမ်းဆီးခေါ်ဆောင်ကာ စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည် ။
 

24 Aug 2018     1,312 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS