ချစ်သုဝေထံသို့ အိတ်မပါတဲ့ပေးစာ ပေးလိုက်တဲ့ လင်းလင်း
24 Aug 2018 2,498 Views
ချစ်သုဝေနဲ့ လင်းလင်းတို့ဇနီးမောင်နှံကတော့ မြန်မာနိုင်ငံရဲ့အနုပညာဂီတလမ်းကြောင်းပေါ်မှာ လူသိများထင်ရှားကျော်ကြားပြီး အောင်မြင်မှုတွေများစွာကိုရရှိပိုင်ဆိုင်ထားတဲ့ အနုပညာဇနီးမောင်နှံဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ချစ်စရာအလွန်ကောင်းတဲ့ သမီးအမွှာလေးနှစ်ယောက်ကိုပိုင်ဆိုင်ထားပြီး၊ သမီးလေးတွေကတော့ တစ်တိုင်းတစ်ပြည်လုံးက ပရိသတ်များသာမက အနုပညာရှင်များက သဲသဲလှုပ်ချစ်နေကြရတဲ့ အသဲကျော်လေးတွေဖြစ်ပါတယ်။ဇနီးကိုအလွန်ချစ်တတ်တဲ့ အဆိုတော်လင်းလင်းက “ မိန်းမထံသို့ အိတ်မပါတဲ့ပေးစာ” ဆိုပြီး ချစ်သုဝေအတွက်စာတစ်စောင်ကို သူရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ရေးသားထားခဲ့ပါတယ်။
" ဇူကာဘတ် မှတစ်ဆင့် တစ်အိမ်ထဲနေ
ကျနော့်မိန်းမထံသို့ အိတ်မပါတဲ့ ပေးစာ " ----
ပစ်တိုင်းထောင်ကြီး အလယ်မှာထားပြီး ရောင်တော်ပြန်တွေက ဝိုင်းရံမီးထိုးပေးရတဲ့ မြို့မျက်နှာဖုံး ထမင်းစားဝိုင်းတွေက ဖိတ်လို့ ကျုပ်တို့လင်မယားနှစ်ယောက် သွားပြီဆိုရင် ကျနော့်မိန်းမ အရင်ဆုံး ဘာလုပ်တယ်ထင်လဲ,,, ယောကျာင်္းလက်ကိုဆွဲပြီး ဘူဖေးခင်းထားတဲ့ ဟင်းပွဲခုံတွေဆီ အရင်သွားတယ်,,
'စားကြမယ် တီးကြမယ် ဗိုက်ဆာပြီတဲ့' အော် ခက်ချေပြီ,,,, ဒီမိန်းမနှယ့် ,,ဟိုမှာ (အချို့) စပ်စလူးအချပ်ပိုတွေလို'ဘယ်သူရှိတဲ့ ဘယ်ဝိုင်းမှာ ဘာစကားတွေပြောပြီး ဘယ်လိုရင်းနှီးမှုလုပ်မယ် မစဉ်းစားဘူး' ' ဗိုက်ဆာပြီ ' တဲ့,,အရိပ်မည်းကြီးတွေ ကျောပိုးပြီးဇွတ်ပြုံးရတဲ့ အထက်တန်းလွှာ ဒင်နာတွေ သွားပြီဆိုရင်လဲ,,,စားပွဲဝိုင်းမှာ ဂရပ်ဖစ်အတက်အကျတွေနဲ့ သူများတွေ မြောင်းတူးရေပေး သချာင်္ဂြိုလ်တုတွေ လွှတ်နေချိန်မှာ ကျနော့်မိန်းမ ဘာဝင်ပြောလိုက်တယ် ထင်လဲ,,,,' အိမ်မှာ ကြောင်လေးတွေ မွေးထားတာ ဆယ့်တစ်ကောင်ရှိတယ်တဲ့ ' ,,ကဲ မခက်ချေဘူးလား ,,,” ဆိုပြီး မိန်းမဖြစ်သူချစ်သုဝေရဲ့ ချစ်စရာကောင်းတဲ့ အမူအကျင့်လေးကို ပရိသတ်တွေသိအောင်ပါ ဝေမျှရေးသားထားတာဖြစ်ပါတယ်။
သမီးလေးတွေ မွေးလာတော့ လင်းလင်းတစ်ယောက်စီးပွားရေးလုပ်ဖို့ ရည်ရွယ်ဖြစ်တဲ့အကြောင်းနဲ့ ပတ်သက်ပြီး “သမီးနှစ်ကောင်မွေးလာပြီ စီးပွားရေး လုပ်မဟဲ့ ဆိုပြီး ကျနော်ခရီးတွေသွားတယ် ,, ဟိုလူတွေ့ ဒီလူတွေ့ ဟိုစဉ်းစား ဒီစဉ်းစားနဲ့ ရိုးရိုးသားသား သမ္မာအာဇီဝ ဖြတ်လမ်းတွေ လိုက်ရှာတယ်,, အိမ်ပြန်ရောက်တော့ ကျနော့်ကိုလှမ်းပြောတယ်,,' အခုဘဝလေးကပြည့်စုံနေပြီ
ကျိကျိတက်ကြီး မချမ်းသာချင်ဘူး ' တဲ့,, အော် နောက်တစ်ခါ ခက်ချေပြန်ပြီ,,” ဆိုကာ ရောင့်ရဲတင်းတိမ်နိုင်စွမ်းရှိတဲ့ မိန်းမဖြစ်သူရဲ့အကြောင်းကို သွယ်ဝိုက်ကာပြောပြထားတာဖြစ်ပါတယ်။
ဒါ့အပြင် ယောကျာ်းဘက်ကနေမားမားမတ်မတ်ရပ်တည်ပေးတတ်တဲ့ မိန်းမဖြစ်သူရဲ့အကြောင်းလေးကို “ချစ်တတ်လွန်း အနုပညာအလုပ်တွေ ရပ်သွားပါစေ..ယောကျာင်္းကိုထိရင် ဘယ်ဇာတ်တူသား အထီးအမကိုမှ သောက်ဖက်မလုပ်တဲ့ ကျနော့်မိန်းမ,, ကျနော့်ပတ်ဝန်းကျင် ဘယ်သူ့ကို ကျနော်
ဘာအကူညီပေးပေး သဘောတူတဲ့ အပြုံးနဲ့ ကျနော့်မိန်းမ,,ကိုယ့်ကိုစော်ကားလို့ ကျနော်ခိုက်ရန် သွားဖြစ်တော့မယ်ဆိုရင်တောင် လက်မထောင်ပြီး ကျန်ခဲ့တဲ့ မိန်းမ,,,အေးပါဟယ် နင့်ရဲ့ ဖြူလွန်းလှတဲ့
(ချစ်လွန်း၍ပြောသည်) အဲဒီ သောက်ကျင့်တွေကို ငါမှီနိုင်အောင်ကြိုးစားပါ့မယ်,,,” ဆိုကာ ချစ်သုဝေရဲ့ဖြူစင်တဲ့ စိတ်ထားလေးအကြောင်းကို ရေးသားထားခဲ့တာဖြစ်ပါတယ်... လင်းလင်းရဲ့ “မိန်းမသို့ပေးစာက” ပရိသတ်တွေအတွက်တော့ ကြည်နူးပီတိဖြစ်စရာ စာလေးဖြစ်ခဲ့ပါတယ်။
လင်းလင်းရေးထားတဲ့စာနဲ့ ပတ်သက်ပြီး ချစ်သုဝေကလည်း “အပြင်မှာ မျက်နှာချင်းဆိုင်ရင် နုနုရွရွလေးတွေမပြောတတ်သော...ချစ်လား များမေးရင် အခေါက်၁၀၀၀မေး တစ်ခေါက်မလွဲ ချစ်ဘူး ဟုပြောပါသော...ပလာတူးဖေပူး...ဒီလိုလေးရေးသောအခါ မျက်ရည်ဝဲမိ...အမြဲ ချစ်နိုင်ပါစေတော်” ဆိုပြီး မျက်ရည်ပါဝဲမိရအောင် ကြည်နူးရကြောင်းလေး ပြန်လည်ပြောကြားထားပါတယ်။
ချစ်သုဝေနဲ့လင်းလင်းတို့ မိသားစုလေးက အများကချစ်ခင်အားကျရတဲ့ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးပါပဲနော်...