BEC-TERO TV

၇ တန်းကျောင်းသူ ကိုယ်ဝန် ၇ လရှိမှု အဓ္ဓမပြုကျင့်ခံရမှုပေါ်ပေါက်

23 Aug 2018     1,392 Views


မကွေးတိုင်း၊ ရေနံချောင်းမြို့၊ ---------- ကျေးရွာမှ သတ္တမတန်းကျောင်းသူ တစ်ဦး ကိုယ်ဝန် ၇ လ ရှိခဲ့ရာမှ အသက် ၆၇ နှစ်အရွယ် အိမ်နီးချင်း အမျိုးသားတစ်ဦးမှ အဓ္ဓမပြုကျင့်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။

ဖြစ်စဉ်မှာ တောင်ယာလုပ်ငန်းဖြင့် အသက်မွေးပြီး သားတစ်ယောက် သမီးလေဦးတို့၏ မိခင်က သမီးဖြစ်သူ ၇ တန်းကျောင်းသူ ကျန်းမာရေးမကောင်း ဖြစ်နေသည်ဟု ယူဆကာ မကွေးမြို့ရှိ ကောင်းမွန်ဆေးရုံကြီးသို့ သွားရောက် ဆေးစစ်ခဲ့ရာမှ ကိုယ်ဝန် ၇ လ လွယ်ထားရကြောင်း သိရှိခဲ့ရသည်။

သမီးဖြစ်သူအား မေးမြန်းခဲ့ရာ အိမ်နီးနားချင်းဖြစ်သူ ဦးစိုးတင့် (၆၇ နှစ်) က လွန်ခဲ့သော တပေါင်းလ က စပြီး နှစ်ကြိမ်တိုင်တိုင် သားမယားပြုကျင့်ခဲ့ကြောင်း ပြောပြခဲ့သည့်အတွက် ဦးစိုးတင့်အား အရေးယူပေးပါရန် ရေနံချောင်းမြို့၊ ညောင်လှနယ်မြေ ရဲစခန်းတွင် လာရောက်တိုင်ကြား အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

ဦးစိုးတင့် (၆၇ နှစ်) အား ရေနံချောင်းမြို့၊ ညောင်လှနယ်မြေ ရဲစခန်းက (ပ)၆၁/၂၀၁၈၊ရာဇသတ်​ကြီးပုဒ်​မ ၃၇၆ ဖြင့် အမှုဖွင့်ထားပြီး ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။

သတင်းရင်းမြစ် - မဇ္ဇျိမ


 


23 Aug 2018     1,392 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS