BEC-TERO TV

လေးနှစ်အရွယ်ကလေးငယ်တစ်ဦး ခွေးငါးကောင် ဝိုင်းကိုက်မှုကြောင့် သေဆုံး

16 Aug 2018     1,317 Views


သြဂုတ်လ ၁၄ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန်တွင် နေအိမ်အပြင်ဘက်သို့ ထွက်သွားသည့် ၄ နှစ်အရွယ် မိန်းကလေးတစ်ဦး ခွေးငါးကောင် ဝိုင်းကိုက်ခံရပြီး သေဆုံးသွားကြောင်းသိရသည် ။
 
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ဒီးဒုတ်ကုန်းကျေးရွာနေ မဖူးဝေအောင်သည် နေအိမ်အပြင်ဘက်သို့ ထွက်သွားရာမှ နေအိမ်နှင့် ကိုက် ၅၀ ခန့်အကွာရှိ ဓမ္မာရုံ အနီးတွင် ခွေးလေခွေးလွင့် ၅ ကောင်မှ ဝိုင်းဝန်းကိုက်ခဲ့သဖြင့် ဦးခေါင်းတစ်ခုလုံး စုတ်ပြဲ၍ ခန္ဓာကိုယ် ပွန်းပဲ့ ဒဏ်ရာများရရှိသွားခဲ့ကြောင်း သိရသည် ။
 
 
“ကလေးက အိမ်ထဲကနေ ထွက်သွားတာကို မိဘတွေက မသိလိုက်ကြဘူး။ ရွာပြင်ရောက်သွားတာ။ ခွေးတွေက ရွာပြင်မှာပဲနေပြီး ရိုင်းလည်းရိုင်းတယ်။ လူနဲ့ မယဉ်ဘူး။ ကလေးက ရွာပြင်ထွက်လာတော့ ၀ိုင်းကိုက်ကြတာ။ နာလွန်းတော့ ကလေးက အသံကို မထွက်နိုင်တော့ဘူး ထင်ပါတယ်။ ဘယ်သူမှလည်း မသိကြဘူး။ ကိုက်ခံရတဲ့နေရာနဲ့ အနီးမှာတော့ လယ်လုပ်နေတဲ့သူ ရှိပေမဲ့ မိုးတွင်းဆိုတော့ ကိုင်းပင်တွေက ရှည်နေတာ။ ဒါကြောင့် မမြင်ရဘူး။ လမ်းသွားတစ်ယောက်က ခွေးတွေဝိုင်းဆွဲနေတာ ဘာကြီးလဲမသိဘူးဆိုပြီး သွားကြည့်တော့မှ ကလေးမှန်းသိရလို့ ဆေးရုံပို့ ကုသဖို့လုပ်ရင်း သေဆုံးသွားရှာတယ်” ဟု Eleven သတင်းဌာနတွင် ရေးသားဖော်ပြထားပါသည် ။
 
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ပျော်ဘွယ်မြို့ မရဲ့စခန်းက သေမှုသေခင်းအမှတ်စဉ် ( ၁၁/၂၀၁၈ ) ဖြင့် စစ်ဆေးနေကြောင်း သိရသည် ။

16 Aug 2018     1,317 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS