ခရီးတင်ယာဉ်ငယ် နှင့် ၁၂ ဘီးယာဉ်မျက်နှာချင်းဆိုင်တိုက်မိ ၁ ဦးသေ ၃ ဦးဒဏ်ရာရ
09 Aug 2018 1,368 Views
သြဂုတ်လ ၈ ရက်နေ့ နံနက် ၁ နာရီအချိန်ခန့် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ခရီးသည်တင်ယာဉ်ငယ် နှင့် ၁၂ ဘီးယာဉ် မျက်နှာချင်းဆိုင်တိုက်မိပြီး ၁ ဦးသေ ၃ ဦးဒဏ်ရာရခဲ့ကြောင်း သိရသည် ။
ဖြစ်စဉ်မှာ ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ် စံလောင်းကျေးရွာနှင့် ကုံးမုံကျေးရွာအကြား ပြည်ထောင်စု လမ်းမကြီးတွင် သီပေါဘက်မှ လားရှိုးဘက်သို့လာသည့် ၁၂ ဘီးယာဉ်နှင့် မူဆယ်မှလာသည့် ခရီးသည်တင်ယာဉ်ငယ်တို့ မျက်နှာချင်းဆိုင် တိုက်မိခြင်းကြောင့် ခရီးသည်တင်ယာဉ်ငယ်တွင် ပါလာသည့် ခရီးသည် ၉ ဦးမှ တစ်ဦး အခင်းဖြစ်ပွားရာနေရာတွင်း သေဆုံးသွားကြောင်း သိရသည် ။
“မနက်အစောပိုင်းမှာဖြစ်တာပါ။ ယာဉ်တိုက်မှုကြောင့် ကျား (၁) ဦးသေဆုံး၊ (၃) ဦးဒဏ်ရာရရှိထားပါတယ်။ ယာဉ်တိုက်မှုဖြစ်တဲ့ နှစ်ဖက်ယာဉ်မောင်းတွေကို အမှုဖွင့်အရေးယူထားပါတယ်” ဟု တာချီလိတ်သတင်းဌာနတွင် ရေးသားဖော်ပြထားပါသည် ။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ယာဉ်မောင်းနှစ်ဦးကို သီပေါမြို့ မရဲစခန်းမှ ယာဉ် (ပ) ၃၄/၂၀၁၈ ၊ ရာဇသတ်ကြီး ပုဒ်မ ၂၇၉/၃၃၇/၃၃၈/၃၀၄-က ဖြင့်အမှုဖွင့် အရေးယူထားကြောင်း သိရသည် ။
Photo : Shar Htat Paing