BEC-TERO TV

မိခင်ရင်းနှင့် ပထွေးဖြစ်သူက ၁၀ နှစ်သားလေးကို အဓ္ဓမပြုကျင့်ကာ ပြည့်တန်ဆာအဖြစ်စေခိုင်း

08 Aug 2018     1,478 Views


အသက် ၁၀ နှစ်အရွယ်(ယောက်ျားလေး) ကလေးငယ်ကို မိခင်အရင်းနှင့် ပထွေးဖြစ်သူတို့မှ အကြိမ်ကြိမ်အဓ္ဓမပြုကျင့်ကာ တရားမဝင် အမှောင်ကမ္ဘာဝဘ်ဆိုက်များတွင် ရောင်းစားခဲ့မှုကြောင့် ဖမ်းဆီးခြင်းခံခဲ့ရသည်။

မိခင်ရင်းဖြစ်သူ Berrin Taha (၃၉ နှစ်)၊ ပထွေးဖြစ်သူ Christina Lais (၄၈ နှစ်) တို့နှစ်ဦးဟာ ၂၀၁၅ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်ထိ ယခုအခါ အသက် ၁၀ နှစ်ရှိပြီဖြစ်သော သားငယ်လေးကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများ ပြုလုပ်ကာ ဓါတ်ပုံဗီဒီယိုရိုက်ကူးပြီး အမှောင်ကမ္ဘာဝဘ်ဆိုက်များတွင် ရောင်းစားကာ ဒေါ်လာ ထောင်ပေါင်းများစွာ ရယူခဲ့ကြသည်။
(အမှောင်ကမ္ဘာဝဘ်ဆိုက် ဆိုသည်မှာ အခကြေးငွေယူကာ ပြသသူနှင့် ကြည့်ရှုသူ နှစ်ဦးသာ လုံခြုံစိတ်ချရသော ဆက်သွယ်ရေးနည်းလမ်းနဲ့ ချိပ်ဆက်ကြခြင်းဖြစ်သည်)

ဂျာမဏီနိုင်ငံ စတူဖန်မြို့ရှိ သူတို့၏ နေအိမ်မှနေ၍ ကျူးလွန်ခဲ့ကြကြောင်း နှစ်ဦးစလုံးက ဝန်ခံထွက်ဆိုခဲ့သည်။ ပထွေးဖြစ်သူ Lais ဟာ ယခင်ကလည်း ကလေးသူငယ်များကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုကြောင့် ပြစ်ဒဏ်ကျခံခဲ့ရဖူးသူလည်းဖြစ်သည်။

မိခင်ရင်းဖြစ်သူ Taha က အစပိုင်းတွင် သူမ၏နောက်ယောက်ျား စိတ်ချမ်းသာအောင် သားဖြစ်သူအပေါ် လိင်ကျူးလွန်မှုများကို လိုက်လျောခဲ့သော်လည်း နောက်ပိုင်းတွင် သူမကပါ ငွေရှာရန်နည်းလမ်းတစ်ခုသဖွယ် ကျူးလွန်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်။

သူတို့နှစ်ဦးစလုံးကို အဓ္ဓမကျူးလွန်မှု၊ ကလေးသူငယ်များကို လိင်ပိုင်းဆိုင်ရာလွန်ကျူးမှု၊ ပြည့်တန်ဆာအဖြစ် အတင်းသိပ်သွင်းမှု၊ ကလေးအပြာရုပ်သံများရိုက်ကူးဖြန့်ဝေမှုများနဲ့ တရားစွဲဆိုခဲ့ခံခဲ့ရပါတယ်။

မိခင်ရင်းဖြစ်သူ Tata ကို ထောင်ဒဏ် ၁၄ နှစ်နဲ့ ၆ လ၊ ပထွေးဖြစ်သူ Lais ကို ထောင်ဒဏ် ၁၃ နှစ်နဲ့ ၆ လ တို့အပြင် သူတို့၏ သားငယ်လေးအပါအဝင် ဓါးစာခံဖြစ်ခဲ့ရသော အခြားမိန်းကလေးငယ် တို့အတွက် နစ်နာကြေး အမေရိကန်ဒေါ်လာ ၄၉၂၄၀ ပေးဆောင်ဖို့ ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။

ဒါ့အပြင် မိဘနှစ်ပါးအား ငွေကြေးပေးကာ ကလေးငယ်ကို အကြိမ်ကြိမ် လိင်ဆက်ဆံခဲ့သူ Javier Gonzalez Diaz (၃၃ နှစ်) အား ထောင်ဒဏ် ၁၀ နှစ်နှင့် ငွေဒဏ် အမေရိကန်ဒေါ်လာ ၂၀၇၃၁  ပြစ်ဒဏ်အသီးသီးချမှတ်ခဲ့သည်။
အဆိုပါအဖြစ်အပျက်ဟာ ဂျာမဏီနိုင်ငံရှိ မိဘများအတွက် ထိတ်လန့်သွေးပျက်စရာ သတင်းတစ်ပုဒ် ဖြစ်နေပါတယ်။
 


08 Aug 2018     1,478 Views




RELATED

Most Popular of International News

Most Popular of NEWS