ပြဿနာအမြဲလိုလိုရှာတဲ့ခင်ပွန်းကို ဇနီးဖြစ်သူက ဓားဖြင့်ထိုးသတ်
02 Aug 2018 1,301 Views
ဇူလိုင်လ ၃၀ ရက်နေ့တွင် အချိန်မတော် အရက်မူးပြီးပြန်လာတဲ့ခင်ပွန်းက သူ၏ဇနီးဖြစ်သူကို အမြဲလိုလိုပြဿနာရှာသဖြင့် ဇနီးဖြစ်သူက သည်းမခံနိုင်ဘဲ မီးဖိုချောင်သုံးစားဖြင့် ထိုးသတ်ခဲ့ကြောင်း သိရသည် ။
ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး ၊ ရွှေပြည်သာမြို့ နယ်တွင် ညသန်းခေါင်ကျော်အလွန်အချိန်၌ ထမင်းခူးပေးပြီးနောက်အိပ်ယာထဲဝင်နေစဉ် ခင်ပွန်းဖြစ်သူဇေယျာလင်းကပြဿနာရှာပြီး ခြေထောက်ကို လှမ်းဆွဲသဖြင့်စကားများရန်ဖြစ်နေကြရာမှ သည်းမခံနိုင်တော့ဘဲ အသင့်တွေ့ရှိသည့် အရိုးအသွား (၁၁) လက်မခန့်ရှိမီးဖိုချောင်သုံးဓားဖြင့် ထိုးသတ်ခဲ့သည်ဟုသိရသည် ။
“အခင်းဖြစ်တဲ့နေ့ကတော့ ဇူလိုင်လ ၃၀ ရက်၊ ည ၁၁ နာရီအချိန်လောက်ဖြစ်သွားတာပေါ့နော်။ ကျွန်တော်တို့ သိရှိပြီးသွားရောက်စစ်ဆေးနေတာတွေနဲ့ဆိုရင် အမှုဖွင့်တဲ့အချိန်ကျတော့ ဇူလိုင်လ ၃၁ ရက်နေ့ နံနက်ပိုင်းကို ရောက်သွားပြီပေါ့။ ကာယကံရှင်လင်မယားမှာ အရွယ်မရောက်သေးတဲ့ကလေးတစ်ယောက်ရှိတယ်လို့လည်း သိရပါတယ်” အမှုစစ်လှော်ကားနယ်မြေခေတ္တစခန်းမှူးရဲအုပ်သန်းလင်းက ပြောသည်ဟု အကုန်သိသတင်းဌာနတွင် ရေးသားဖော်ပြထားပါသည် ။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ပြစ်မှုကျူးလွန်သည့် ဒေါ်စိမ့်စိမ့်အေး ၄၇ နှစ်အား ရဲစခန်းမှ (ပ) ၄၅၈/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ - ၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေးထားသည်ဟု သိရသည် ။