BEC-TERO TV

လူမဆန်တဲ့ ဖခင်ကို ဆယ်ကျော်သက် သမီးသုံးယောက် ဝိုင်းပြီး ဓါးနဲ့ထိုးသတ်

31 Jul 2018     1,445 Views


မာဖီးယားဆန်ဆန် ရက်စက်တတ်လွန်းပြီး လူမဆန်တဲ့ ဖခင်ကို ဆယ်ကျော်သက်အရွယ် သမီး ၃ ဦးက အချက်ပေါင်းများစွာ ဓားနဲ့ဝိုင်းထိုးပြီး သတ်ဖြတ်ခဲ့တာကြောင့် သက်ဆိုင်ရာက ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

ဖခင်ဖြစ်သူ Mikhail ဟာ သမီးသုံးဦးဖြစ်တဲ့  Kristina Khachaturyan ၁၉ နှစ်၊ Angelina ၁၈ နှစ်နှင့် Maria ၁၇ နှစ်တို့ကို လိင်ပိုင်းဆိုင်ရာကျူးလွန်ပြီး ဖိနှိပ်ညှင်းပမ်း အမြတ်ထုတ်ခဲ့တာကြောင့် သမီး ၃ ဦးက မခံနိုင်တဲ့အဆုံး ဓားနဲ့ အချက်ပေါင်းများစွာ ထိုးသတ်ခဲ့တာဖြစ်ကြောင်း မော်စကို သတင်းမှာဖော်ပြထားပါတယ်။

Mikhail ကို ဒါဇင်နဲ့ချီတဲ့ ဓားဒဏ်ရာချက်များနဲ့  မိသားစုရဲ့နေအိမ် ဓါတ်လှေကားအနီးမှာ တွေ့ခဲ့တာဖြစ်ပါတယ်။ ဖခင်ဖြစ်သူဟာ ဘိန်းဖြူစွဲနေသူဖြစ်ပြီး နှစ်အတော်ကြာ သမီး ၃ ယောက်စလုံးကို ညှင်းပမ်းခဲ့ပြီး လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားမှုတွေ ပြုလုပ်ခဲ့တယ်လို့ သမီးတွေက ထွက်ဆိုခဲ့ပါတယ်။

ကျွန်မတို့အားလုံး သူ့ကိုအရမ်းမုန်းတယ်၊ သမီးတို့ အားလုံး ဖြစ်စေချင်တာတစ်ခုပဲရှိတယ်။ အဲဒါ သူသမီးတို့ရှေ့မှာ မရှိစေချင်ဘူး ဒါမှမဟုတ် သူနဲ့ သမီးတို့ တစ်ခါမှ မသိခဲ့ကြဖူးတဲ့သူတွေ ဖြစ်ချင်တာပါပဲ” ဟု သမီးအကြီးဖြစ်သူ Kristina က ပြောဆိုခဲ့ပါတယ်။
အခင်းဖြစ်မည့်နေ့က ဖခင်ဖြစ်သူက ဓါးကိုင်လျှက် သူတို့အားလုံးကို သတ်ပစ်မယ်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ထွက်ဆိုခဲ့ကြသည်။

ညီအစ်မတွေထဲက တစ်ဦးက အဖေဆီက ဓားကို အတင်းဝင်လုပြီး ဓားနဲ့ ထိုးချိန်မှာ အခြားညီအမစ်တွေလည်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြပါတယ်။ ဖခင်က လွတ်အောင် ထွက်ပြေးဖို့ ကြိုးစားခဲ့ပေမယ့် ဓါတ်လှေကားနားအရောက်မှာ သမီး ၃ ယောက် ဓားနဲ့ဝိုင်းထိုးခဲ့တာကြောင့် သေဆုံးသွားခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

အိမ်နီးနားချင်းတွေကလည်း ဖခင်ဖြစ်သူဟာ သမီးတွေနဲ့ မိန်းမကို နိုင်စားပြီး ညှင်းပမ်းသူဖြစ်တယ်လို့ ထွက်ဆိုခဲ့ကြပါတယ်။ သမီး ၃ ယောက်ရဲ့ မိခင်ဖြစ်သူဟာ နှိပ်စက်တဲ့ဒဏ်မခံနိုင်တော့တဲ့အဆုံး မိသားစုကို ထားခဲ့ပြီး ထွက်သွားခဲ့ပါတယ်။ မော်စကို တက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ သားတစ်ဦးရှိသေးပြီး ဖခင်ဖြစ်သူက နှင်ချထားတယ်လို့ သိရှိရပါတယ်။

သူက ကလေးတွေကို အမြဲရိုက်နှက်တတ်တယ်။ တစ်ခါတုန်းကလည်း သူတို့တွေကို သစ်တောထဲခေါ်သွားပြီး သတ်ပစ်မယ်လို့ ခြိမ်းခြောက်ဖူးသေးတယ်။ မိန်းမလုပ်တဲ့လူ ထွက်သွားပြီးနောက်ပိုင်း သူနဲ့ပက်သက်တဲ့ အသိုင်းအဝိုင်းတွေနဲ့ အဆက်သွယ်ဖြတ်ပစ်တယ်၊ တစ်ကယ့် မာဖီးယားကြီးလိုပဲ” ဟု မိသားစုနဲ့ ရင်းနှီးသူတစ်ဦးက ဆိုပါတယ်။

သမီးအကြီးဖြစ်သူ Kristina ကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့တာကြောင့် သမီးမှာ စိတ်ဓာတ်ကျကာ ဆေးတောင့်များ သောက်ကာ အဆုံးစီရင်ရန် ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် အရေးပေါ်ကယ်ဆယ်ရေး ဆေးအဖွဲ့ရောက်လာပြီး ကယ်တင်ခဲ့တာကြောင့် အသက်မသေခဲ့ပါဘူး။ ဒီကိစ္စဟာ သေကြောင်းကြံစည်တာ မဟုတ်ပဲ ဆေးမှားသောက်မိတာပါလို့ ထိုစဉ်က ဖခင်ဖြစ်သူက ဖုံးကွယ်ခဲ့ပါတယ်။

တစ်ခါတုန်းက ကောဇောပေါ်မှာ ခွေးရဲ့အမွှေးတွေ့တာကြောင့် သမီးတွေကို ခေါ်လိုက်ပြီး သူတို့ရဲ့ခွေးကို ဘီးနဲ့ ဖီးသင်ခိုင်းပါတယ်။ ကျလာတဲ့ ခွေးမွှေးတွေကို သူမျက်စိရှေ့မှာပဲ ညီအစ်မတွေကို စားစေခဲ့ကြောင်း မိသားစုနဲ့ ရင်းနှီးသူ Elena က ပြောဆိုခဲ့ပါတယ်။

လက်ရှိမှာတော့ ဖခင်ဖြစ်သူ Mikhail က ကလေးတွေကို ခြိမ်းခြောက်တဲ့ အသံဖိုင်ရရှိထားပါတယ်။ တရားရုံးတော်က အပြစ်ရှိတယ်လို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင်တော့ ညီအစ်မသုံးယောက်စလုံး ထောင်ဒဏ် ၁၀ နှစ်ကနေ ၁၅ နှစ်ကြား ကျခံရဖွယ်ရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။


31 Jul 2018     1,445 Views




RELATED

Most Popular of International News

Most Popular of NEWS