၂၀၁၈ ခုနှစ် အပြည်ပြည်ဆိုင်ရာ စစ်ရေးစွမ်းရည်ပြိုင်ပွဲတွင် မြန်မာ့တပ်မတော်ပါဝင်မည်
26 Jul 2018 1,805 Views
ရုရှားနိုင်ငံက ဦးဆောင်ကျင်းပသည့် ၂၀၁၈ ခုနှစ် အပြည်ပြည်ဆိုင်ရာ စစ်ရေးစွမ်းရည်ပြိုင်ပွဲ (International Army Games) တွင် ယခုနှစ်အတွက် ထပ်မံပါဝင်လာတဲ့ နိုင်ငံပေါင်း ၆ နိုင်ငံထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်လာပါတယ်။
ဇူလိုင်လ ၂၈ ရက်နေ့မှာ စတင်မယ့်ပြိုင်ပွဲကြီးမှာ အယ်လ်ဂျီးရီးယား၊ ဗီယက်နမ်၊ မြန်မာ၊ ပါကစ္စတန်၊ ဆူဒန် နဲ့ ဖီလစ်ပိုင် ၆ နိုင်ငံ ထပ်မံ ပါဝင်လာတာမို့ စုစုပေါင်း ၃၂ နိုင်ငံ ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu က ပြောကြားခဲ့ပါတယ်။
ဒီပြိုင်ပွဲမှာ မြန်မာတပ်မတော်အနေနဲ့ Tank Biathlon တင့်ကားစွမ်းရည်ပြိုင်ပွဲ၊ Military Medical Realy စစ်မြေပြင် ဆေးဖက်ဆိုင်ရာပြိုင်ပွဲ ၊ Sniper Froniter စနိုက်ပါပြိုင်ပွဲများမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
မြန်မာ့တပ်မတော်မှ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြိုင်ပွဲ ၃ မျိုးထဲမှာ တင့်ကားစွမ်းရည်ပြိုင်ပွဲက လူကြိုက်များတဲ့ ပြိုင်ပွဲတစ်ခုဖြစ်ပါတယ်။
တင့်စွမ်းရည်ပြိုင်ပွဲမှာ ပြိုင်ပွဲဝင်နိုင်ငံများက အသင်းများအား မဲစနစ်ဖြင့် အုပ်စုခွဲကာ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ရုရှားတပ်မတော် မှ T 72 B 3 တင့်ကားများကို အသုံးပြု ယှဉ်ပြိုင်ခွင့်ပေးမှာ ဖြစ်ပါတယ်။ မြန်မာတပ်မတော် တင့်ကားတပ်ဖွဲ့က စစ်စိမ်းရောင် နှင့် အဖြူရောင် ဆေးခြယ်ထားသော
ရုရှားတပ်မတော် T 72 B 3 တင့်ကားများ ဖြင့် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် မြန်မာတပ်မတော် တင့်ကားတပ်ဖွဲ့က အစမ်းလေ့ကျင့် မောင်းနှင်ပစ်ခတ်ခြင်းများ ပြုလုပ်လျက်ရှိပြီး ဇူလိုင်လ ၂၉၊ ၃၁ နှင့် သြဂုတ်လ ၄ ရက်နေ့တို့မှာ ယှည်ပြိုင်မှာဖြစ်ကြောင်း သိရှိရသည်။
Ref:NewsWeek, MyanmarMilitaryObservers