BEC-TERO TV

၈ နှစ်နီးပါးသမီးဖြစ်သူကို ပထွေးမှ အဓ္ဓမပြုကျင့်သည်ကို သည်းခံနေခဲ့ရသည့်မိခင် တိုင်ကြားပြီ

26 Jul 2018     1,382 Views


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ဆင်​ကူး​ကျေးရွာအုပ်​စု၌ (၈)နှစ်​နီးပါး အလိုမတူဘဲ သားမယားအဖြစ်​ အကြိမ်​ကြိမ်​ပြုကျင့်သူအား စစ်​​ဆေးအ​ရေးယူထား​ကြောင်း ဇူလိုင်​လ ၂၄ရက်​ နံနက် ၁၀နာရီ ၃၀မိနစ်​က သိရသည်​။

ဖြစ်​စဉ်​မှာ ​မြောင်းမြမြို့နယ်​၊ ဆင်​ကူး​ကျေးရွာအုပ်စုအတွင်းရှိ −−−−−− ​ကျေးရွာ​တွင် နေထိုင်သူ ​ဝိဇ္ဇာဘွဲ့ရ မြန်မာစာအလယ်တန်းပြဆရာမ ဒေါ်------ (၄၉)နှစ်​သည်  လွန်​ခဲ့​သောနှစ်​ ၂၀ ခန့်က အိမ်ထောင်ကွဲခဲ့ပြီးနောက် သမီးလေးတစ်ဦးနှင့် အတူနေထိုင်ခဲ့ကြပြီး တစ်ရွာထဲတွင်နေထိုင်သူ (အ.မ.က)ကျောင်း အထွေထွေလုပ်သား ဦး​ဇော်​​ဌေး (၄၂)နှစ်​ နှင့် ထပ်မံအိမ်ထောင်ပြုခဲ့ကြသည်

ဦးဇော်ဌေးနှင့် အိမ်ထောင်ပြုစဉ် ဒေါ်−−−−− ၌ ပထမအိမ်ထောင်နှင့် မွေးဖွားသော ၁ နှစ်အရွယ် သမီးလေးရှိနေခဲ့သည်။ ထို့နောက် ၂၀၀၂ ခုနှစ်တွင် ဦးဇော်ဌေးနှင့် သမီးတစ်ဦး ထပ်မံထွန်းကားခဲ့သည်။

ပထမအိမထောင်နှင့် ရရှိခဲ့သော သမီးလေး ၁၄ နှစ်အရွယ် ၈ တန်းကျောင်းတက်ချိန် ၂၀၁၀ ခုနှစ် ၁၀ လပိုင်းတွင် စီးပွားရေး မပြေလည်သဖြင့် ကျောင်းနှုတ်ခဲ့ရသည်။ မိသားစု စီးပွားရေးကို ဆရာမဖြစ်သူ ဒေါ်−−−−−− တစ်ဦးတည်း ရုန်းကန်နေရစဉ် ၂၀၁၀ ခုနှစ် ဒီဇင်ဘာလက ဖောင်ကြီးသင်တန်းသို့ တစ်လခွဲ တက်ရောက်ခဲ့ရပြီး နေအိမ်တွင် ခင်ပွန်းဖြစ်သူ ဦးဇော်ဌေးနှင့် သမီးနှစ်ဦးတို့ စုစုပေါင်း ၃ ဦးသာ ကျန်ရစ်ခဲ့သည်။

ဖောင်ကြီးသင်တန်းမှ ပြန်ရောက်လာချိန်တွင် ပထမအိမ်ထောင်နဲ့ရသော သမီ:အကြီးဖြစ်သူမှ ဦးဇော်ဌေးက အလိုမတူပဲ သားမယားအဖြစ် အကြိမ်ကြိမ်ပြုကျင့်ကြောင်း မိခင်ဖြစ်သူအား တိုင်ကြားခဲ့သည်။ ဦးဇော်ဌေး က အဆိုပါကိစ္စကို တိုင်ကြားပါက သားအမိနှစ်ယောက်လုံးအား သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။

ဒေါ်−−−− လည်း တစ်ရှက်မှနှစ်ရှက်ဖြစ်မည်စိုးသဖြင့် မည်သူ့ကိုမျှပြောကြားခြင်းမရှိပဲ မြိုသိပ်ထားခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် သမီးဖြစ်သူအား ၈ တန်းပြန်တက်ခိုင်းခဲ့ပြီး ၂၀၁၃ ခုနှစ် သြဂုတ်လတွင် သမီးဖြစ်သူ ကိုယ်ဝန်ရခဲ့သဖြင့် ဦးဇော်ဌေးမှ ကိုယ်ဝန်ဖျက်ဆေးများ တိုက်ခဲ့သဖြင့် မခံမရပ်နိုင်အောင် နာကျင်မှုခံစားခဲ့ရသဖြင့် မြောင်းမြဆေးရုံသို့ တက်ရောက်ခဲ့ပြီး သားအိမ်ခြစ်ခဲ့ရသည်ထိ ဖြစ်ပွားခဲ့သည်။

နောက်ထပ် တစ်လခွဲခန့်အကြာတွင် ဦးဇော်ဌေးမှာ အတန်တန်တားနေသည့်ကြားမှ သမီးဖြစ်သူအား သားမယားအဖြစ် ထပ်မံပြုကျင့်ခဲ့ပြန်သည်။

၂၀၁၅ ခုနှစ် မတ်လပိုင်းတွင် သမီးဖြစ်သူ ၁၀ တန်း စာမေးပွဲဖြေဆိုနေချိန် ကျောင်း ၄ ရက်ပိတ်သည့်  ရက်များတွင်လည်း ဦးဇော်ဌေးမှ သားမယားအဖြစ် ဆက်ဆံလိုသဖြင့် ပြန်ခေါ်လာပေးရန် တောင်းဆိုသောကြောင့် မိခင်ဖြစ်သူမှာ ကြောက်လန့်ပြီး နေအိမ်သို့ ပြန်ခေါ်လာပေးရကြောင်း သိရှိရသည်။

၁၀ တန်းဖြေဆိုပြီးချိန်တွင် သမီးဖြစ်သူအား ဒေါ်−−−− ၏ အစ်မဝမ်းကွဲတော်စပ်သူ၏ ရန်ကုန်မြို့ရှိ နေအိမ်သို့ ပို့ထားခဲ့ချိန်တွင် ဦးဇော်ဌေးမှ သမီးဖြစ်သူအား ပြန်ခေါ်ပေးရန်၊ မခေါ်ပေးပါက ဒေါ်−−− အားသတ်ပစ်မည်၊ ရန်ကုန်ထိ လိုက်လာကာအရှက်ခွဲမည်ဟု ခြိမ်းခြောက်ခဲ့သဖြင့် မိခင်ဖြစ်သူမှာ ခေါ်ပေးခဲ့ရပြန်သည်။

၂၀၁၇ ခုနှစ်တွင် မ−−−−−− မှာ ပုသိမ်တက္ကသိုလ်တွင် ပထမနှစ်ပညာသင်ကြားနေချိန်တွင်လည်း ပြန်မလာပါက ကျောင်းသို့လိုက်လာပြီး အရှက်ခွဲမည် “နင်က ငါ့မယားဖြစ်နေပြီ၊ ရည်းစားထားတာကြားတာနဲ့ လိုက်လာပြီး အရှက်ခွဲမယ်” ဟု ခြောက်လှန့်သဖြင့် မ−−−−− မှာ အချိန်မှန်အိမ်ပြန်ပြီး ဦးဇော်ဌေး၏ သားမယားပြုကျင့်မှုကို ခံခဲ့ရသည်။

၂၀၁၈ ခုနှစ်တွင် မ−−−−−− မှာ အိမ်မှာမနေရဲတော့သည့်အတွက် ရန်ကုန်မြို့သို့ ဦးဇော်ဌေးမသိအောင် တိတ်တဆိတ်ထွက်လာပြီး အလုပ်လုပ်ကိုင်နေခဲ့ကြောင်း သိရှိရသည်။

ဒေါ်−−−−−− မှာ သမီးဖြစ်သူ မ−−−−−− အား တစ်ရှက်မှ နှစ်ရှက်ဖြစ်ကာ လူကြားထဲ ခေါင်းမဖော်နိုင်ဖြစ်မည်စိုးခြင်း၊ ပညာဆက်လက်မသင်နိုင်တော့မည်စိုးခြင်း၊ အခြားလုံခြုံသောနေရာကို ပို့ထားရန် မရှိခြင်း၊ ရင်းနှီးစွာတိုင်ပင်ရမည့် မိတ်ဆွေရင်းမရှိခြင်းတို့ကြောင့် ဦးဇော်ဌေး၏ ကြိမ်းမောင်း ခြိမ်းခြောက်မှုများကို မတိုင်ကြားရဲခဲ့ခြင်းဖြစ်သည်။

ယခုအချိန်မှာတော့ သမီးဖြစ်သူအား လူရမ်းကားလက်မှ လွတ်မြောက်စေလိုခြင်း၊ အေးချမ်းစွာပညာသင်ကြားစေလိုခြင်းတို့ကြောင့် သမီး မ-----(၂၁)နှစ်​၊(၁၈.၈.၁၉၉၇)၊ (အဘ)ဦး​မောင်​​မောင်​၊ ၁၄/မမန(နိုင်) ၃၂၈၀၈၉၊ ဗမာ/ဗုဒ္ဓ၊ ပထမနှစ်​ မြန်​မာစာ၊ အထည်​ဆိုင်​လုပ်​သား၊ ---လမ်း​၊ ---မြို့နယ်​၊ ရန်​ကုန်​မြို့​နေသူအား (၈)နှစ်​နီးပါး အလိုမတူဘဲ သားမယားအဖြစ် အကြိမ်​ကြိမ်​ပြုကျင့်ခဲ့သူ ခင်​ပွန်းဖြစ်​သူ ဦး​ဇော်​​ဌေးအား အ​ရေးယူ​ပေးပါရန်​ တိုင်စာဖြင့် ၂၀၁၈ ခုနှစ်​ ဇူလိုင်​လ ၂၄ ရက်​ နံနက်​ ၁၀နာရီ ၅မိနစ်​အချိန်​တွင်​ လာ​ရောက်​တိုင်​တန်းခဲ့သဖြင့် မမစ (မမ) (ပ)၁၀၆၇/၂၀၁၈ ရာဇသတ်​ကြီးပုဒ်​မ ၃၇၆အရ အမှုအား (မမစ)မှူး ဒုရဲမှူး ​အောင်​​ဇော်​မင်း မှ စစ်​​ဆေး၍ တရားခံ​ ဇော်​​ဌေးအား ၁၀နာရီ ၁၅ မိနစ်​တွင်​ ဖမ်းဆီးထားရှိ​ကြောင်း သိရသည်။......



သတင်းရင်းမြစ် - ဒေါ်စန္ဒာမိုး (ပြန်​ဆက်​)
 


26 Jul 2018     1,382 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS