အမျိုးသားတစ်ဦး ရထားလမ်းဘေးတွင် လက်တစ်ဖက်ပြတ်နဲ့တွေ့ ရှိ
25 Jul 2018 1,310 Views
ဇူလိုင်လ ၂၄ ရက်နေ့ ဘူတာအနီးသံလမ်းဘေးတွင် လက်တစ်ဖက်ပြတ်နေသည့် အမျိုးသားတစ်ဦးကို ပြည်သူများက တွေ့ ပြီး တာဝန်ရှိသူများထံသို့ အကြောင်းကြားခဲ့သည် ။
ဖြစ်စဉ်မှာ ကျောက်မဲဘူတာသို့ ဇူလိုင် ၂၄ ရက်နေ့ ည ၉ နာရီခန့်က မန္တလေးမှလာသည့် ကုန်ရထားတစ်စင်း နောက်ဆုံးဝင်ခဲ့ခြင်းဖြစ်ပြီး ဘူတာအဝင်အနားရှိ သံလမ်းဘေးတွင် လက်ပြတ်နေသည့် အမျိုးသားတစ်ဦးကို အနီးဝန်းကျင်ရပ်တွင် နေထိုင်သောပြည်သူများက တွေ့ ပြီး တာရှိသူများထံသို့ ဖုန်းဆက်အကြောင်းကြားခဲ့သည် ။၏
“မနေ့ညက ကုန်ရထားတစ်စင်းဝင်တာပဲရှိတယ်။ ရထားတိုက်တယ်ဆိုရင် စက်ဗိုလ်တွေက မြင်ရမှာပဲ။ ရထား ပေါ်ကလူ ပြုတ်ကျရအောင်ကလည်း ကုန်ရထားမှာ လူပါလာတာက ရေတွက်လို့ရတယ်။ ရထားလမ်းဘေးမှာ တွေ့တိုင်း ရထားကြိတ်တယ်လို့တော့ ပြောလို့မရဘူး။ ကျွန်တော်တို့ အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သိရသလောက်ကတော့ ရထားကြိတ်တာလို့ ပြောစရာမတွေ့သေးဘူး” ဟု တာချီလိတ်သတင်းဌာနတွင် ရေးသားဖော်ပြထားပါသည် ။
လက်ရှိတွင် အဆိုပါလူနာမှာ ကျောက်မဲပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေဆဲဖြစ်ကြောင်းသိရသည်။