အမျိုးသမီးတစ်ဦးကို ငွေခြိမ်းခြောက်တောင်းခံမှုအပြင် အဓမ္မပြုကျင့်ရန်ကြံ
25 Jul 2018 1,318 Views
ဇူလိုင်လ ၂၂ ရက်နေ့ နံနက် ၁ နာရီခန့်အချိန်တွင် အမျိုးသားတစ်ဦးက အမျိုးသမီတစ်ဦး၏ နေအိမ်သို့ဝင်ရောက်ပြီး ငွေခြိမ်းခြောက်တောင်းခံမှုအပြင် အဓမ္မပြုကျင့်ရန် ကြံစည် ခဲ့သည်ဟု သိရသည် ။
ဖြစ်စဉ်မှာ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၊ ပန်ကြူကျေးရွာအုပ်စု၊ ပန်ဆန်း(အထက်)ရွာတွင် နံနက် ၁ နာရီမထိုးမိအချိန်က အမျိုးသမီးတစ်ဦး၏ နေအိမ်အိပ်ခန်းသို့ အမျိုးသားတစ်ဦး ဝင်လာပြီး အဓမ္မပြုကျင့်ရန် ကြံစည်စဉ် အမျိုးသမီးက ရုန်းကန်ရာ လည်ပင်းညှစ်ထားပြီး ပိုက်ဆံမပေးပါက အဓမ္မပြုကျင့်မည်ဟု ခြိမ်းခြောက်ကြောင်း သိရသည်။
ထိုရာတွင် အမျိုးသမီးက ခါးတွင်လွယ်ထားသည့်အိတ်၌ ပိုက်ဆံရှိကြောင်းပြောဆိုရင်း ခြေထောက်ဖြင့် ကြမ်းပြင်အား အသံမြည်အောင်ကန်ရင်း အိမ်နီးချင်းများအား အကူအညီတောင်းအော်ဟစ်ခဲ့ရာ အဆိုပါအမျိုးသားက လွယ်အိတ်အတွင်းမှ ငွေကျပ်(၃၀၀၀၀)ကိုယူ၍ ထွက်ပြေးသွားသည်ဟု တာချီလိတ်သတင်းဌာနတွင် ရေးသားဖော်ပြထားပါသည် ။
အဆိုပါဖြစ်စဉ်နှင့် ပတ်သတ်ပြီး တရားခံကို ရဲများကဖမ်းဆီးရမိခဲ့ပြီး ရဲစခန်းမှ (ပ) ၂၄၄/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁/၃၉၄ အမှုကြီးအမှတ်စဉ် (၆/၂၀၁၈)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည် ။