BEC-TERO TV

KBZ ဘဏ်များမှ ချက်လက်မှတ်အတုနှင့် ငွေလိမ်ထုတ်သူများအား ဖမ်းဆီးရမိ

25 Jul 2018     1,354 Views


ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ KBZ ဘဏ်ခွဲများတွင် ချက်လက်မှတ်တစ်ခုထဲကို အသုံးပြုကာ ကျပ်သိန်းပေါင်း ၂၇၀၀ ကျော် လိမ်လည်ထုတ်ယူသွားသူများအား ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ မန္တလေးမြို့ KBZ ဘဏ်ခွဲ(၂၄)မှ အကြီးတန်းလက်ထောက် မခင်ငြိမ်းချမ်းမှ ဒေါ်ရှုပါသက် အမည်ဖြင့် ဘဏ်အကောင့်အတုတစ်ခု ဖွင့်လှစ်ကာ ပုံစံတူချက်လက်မှတ်များ ပြုလုပ်ပြီး ရန်ကုန်မြို့ရှိ လှည်းတန်း KBZ ဘဏ်ခွဲမှ ငွေကျပ်သိန်း (၈၀၀)၊ မြောက်ဥက္ကလာပ ကန်သာယာဘဏ်ခွဲမှ ကျပ်သိန်း (၉၇၅)၊ မင်္ဂလာဒုံဘဏ်ခွဲမှ ကျပ်သိန်း (၉၅၀) စုစုပေါင်း ကျပ်ငွေ (၂၇၂,၅၀၀,၀၀၀)နှင့် မန္တလေး KBZ ဘဏ်ခွဲ ၂ မျ ကျပ်ငွေ သိန်း (၈၀၀) ကို သူမ၏ မိတ်ဆွေဖြစ်သူ ထက်မြက်လင်း နှင့် အပေါင်းအပါများက လိမ်လည်ထုတ်ယူသွားခဲ့ကြောင်း တိုင်တန်းချက်အရ ရဲအဖွဲ့က စုံစမ်းရှာဖွေဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

မခင်ငြိမ်းချမ်းအား စစ်ဆေးပေါ်ပေါက်ချက်အရလည်းကောင်း KBZဘဏ်များရှိ cctvမှတ်တမ်းများအရလည်းကောင်း တရားခံအသုံးပြုထားသည့် ပုံစံတူချက်လက်မှတ်ပေါ်တွင် ပါရှိသည့်အမည်နှင့် မှတ်ပုံတင်များအရလည်းကောင်း၊ မန္တလေး KBZဘဏ်ခွဲ(၂)တွင် ပုံစံတူချက်လက်မှတ်ဖြင့် ကျပ်ငွေသိန်း(၈၀၀)လာရောက်ထုတ်ယူသူတရားခံ ကျော်ဖြိုးသူ (၂၅)နှစ်၊ (ဘ)ဦးခင်မောင်ညွန့်၊ ၉/ပခက(နိုင်)၀၂၂၂၅၀၊ ဗမာ/ဗုဒ္ဓ ၊ ၆၄xမက္ခရာလမ်းထောင့် ပြည်ကြီးတံခွန်မြို့နယ်နေသူနှင့် မောင်မင်းထက်ဦး(၁၉)နှစ်(ဘ)ဦးဇော်ဌေးလွင်၊ မပတ(မမှတ်မိ)ဓာတ်ပုံဆရာ၊၆၉လမ်း၊ ၃၆x၃၇လမ်းကြား မဟာမြိုင်အပိုင်း(၂) မဟာအောင်မြေမြို့နယ်နေသူ(၂)ဦးအား မန္တလေးခရိုင်မှု့ခင်းနှိမ်နှင်းရေးဌာနစိတ်မှ ရဲအုပ်ဗိုလ်ဗိုလ်အောင်ဦးစီးအဖွဲ့မှ ဇူလိုင်လ ၂၀ ရက်နေ့တွင် မန္တလေး ၃၅လမ်း၆၄x၆၅လမ်းကြားရှိ လက်ဖက်ရည်ဆိုင်တွင် ဖမ်းဆီးရမိခဲ့သည်။

အမှု့နှင့်ပက်သက်၍ ကျော်ဖြိုးသူအား ဆက်လက်စစ်ဆေးရာ သူငယ်ချင်းဖြစ်သူ ထက်မြက်လင်း မှ(ကား)အကူညီတောင်းသဖြင့်၎င်းတို့(၂)ဦးမှ အကူညီပေးခဲ့ကြောင်း၊ ဘဏ်သို့၎င်းတို့(၃)ဦးအတူသွားခဲ့ကြောင်း ငွေထုတ်ရန်မှတ်ပုံတင်လိုအပ်သဖြင့် ကျော်ဖြိုးသူမှ မှတ်ပုံတင်ထုတ်ပေးပြီး ငွေထုတ်ရန်ဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါငွေထုတ်ရန် အကြောင်းအရာအားလုံးအား ထက်မြက်လင်း၏ဖခင်ဖြစ်သူ ဦးထွန်းထွန်းလင်းမှ အဆက်မပြက်ဖုန်းဖြင့် စေခိုင်းခဲ့ကြောင်း စစ်ဆေးသိရှိရသဖြင့် ပါဝင်ပက်သက်သူ ထက်မြက်လင်း နှင့် ဦးထွန်းထွန်းလင်း တို့အား ဖမ်းဆီးရမိရေးအတွက် ခရိုင်(မှု့/ကူ)ဌာနစိတ်မှ ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။

ထက်မြက်လင်းနှင့် ဦးထွန်းထွန်းလင်းတို့အားဖမ်းဆီးရမိရေးအတွက် ဆက်လက်စုံစမ်းရာ ၎င်းတို့(၂)ဦးသည် မန္တလေးပုသိမ်ကြီးမြိုနယ်၊ ရွှေစာရံ လျှပ်စစ်ဓာတ်အားခွဲရုံရှိ ထက်မြက်လင်းနှင့် အကိုတော်စပ်သူ မင်းသက်နိုင်(လုပ်သား)၏ နေအိမ်လိုင်းခန်းတွင် နေထိုင်ကြောင်းသတင်းရရှိ၍ ဇူလိုင်လ ၂၃ ရက်နေ့တွင် ဝင်ရောက်ရှာဖွေဖမ်းဆီးရာ တရားခံ ဦးထွန်းထွန်းလင်းအား ဖမ်းဆီးရမိခဲ့ပြီး တရားခံ ထက်မြက်လင်းမှာ တိမ်းရှောင်လျက်ရှိသည်။

ထက်မြက်လင်း အားဖမ်းဆီးရမိရေးအတွက် စဉ်ဆက်မပြက်သတင်းရယူစုံစမ်းရာ ၎င်းသည် ပြင်ဦးလွင်မြို့နယ် ရပ်ကွက်ကြီး(၅) ၎င်း၏အဘိုးဖြစ်သူ နေအိမ်သို့ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် သွားရောက်ရှာဖွေရာ တရားခံထက်မြက်လင်းသည် လက်ဖက်ရည်ဆိုင်သို့ ထွက်သွားကြောင်းသိရသဖြင့် ပြင်ဦးလွင် အဝိုင်းပတ်အနီးရှိ လက်ဖက်ရည်ဆိုင်တွင် တရားခံထက်မြက်လင်း အား ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသည့်တရားခံများအား အသေးစိတ်စစ်မေးခြင်း သက်သေခံပစ္စည်းများ ပြန်လည်သိမ်းဆည်းရမိရေး ဆောင်ရွက်ခြင်းများအား အထူးအမှုစစ်အဖွဲ့မှ ဆက်လက်ဆောင်ရွက်လျက်ရှိပြီး တရားခံများသည် အခြားအမှု့များ ကျူးလွန်ထားခြင်းရှိမရှိ အားဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 


သတင်း - BoBoAung & TMN


25 Jul 2018     1,354 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS