ယုဇနဥယျာဉ်မြို့တော်တွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများကြောင့် ရေလျှံမှုများ ကြုံတွေ့နေရ
24 Jul 2015 1,510 Views
ယုဇနဥယျာဉ်မြို့တော်ဟာ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများကြောင့် ရေကြီး၊ ရေလျှံမှုဒဏ်ကို ယခင်နှစ်တွေထက် ဒီနှစ်မှ ပိုမိုကြုံတွေ့နေရတယ်လို့ သိရပါတယ်။ ယုဇနဥယျာဉ်မြို့တော်မှာ တိုက်ခန်းပေါင်း (၉)ထောင်ကျော် နေထိုင်လျက်ရှိပြီး ယုဇနဥယျာဉ်မြို့တော်ပြည်သူတွေအနေနဲ့ ရေကြီးရေလျှံကာ လကြာမြင့်လာတာနဲ့အမျှ တိုက်များ ဆွေးမြေ့ခြင်းနဲ့ နောက်ဆက်ဆွဲ ကျန်းမာရေးပြသာနာများဖြစ်ပွားလာမှာကို စိုးရိမ်နေကြတယ်လို့ သိရပါတယ်။