အချစ်ရေးအဆင်မပြေမှုကြောင့် ကိုယ့်ကိုယ်ကို ကြိုးဆွဲအဆုံးစီရင်ခဲ့သည့်အမျိုးသား
19 Jul 2018 1,370 Views
ဇူလိုင်လ ၁၇ ရက်နေ့တွင် အသက် (၁၉) နှစ်အရွယ် အမျိုးသားတစ်ဦး အချစ်ရေးအဆင်မပြေမှုနှင့်ပတ်သက်ပြီး ကိုယ့်ကိုယ်ကို ကြိုးဆွဲချ အဆုံးစီရင်ခဲ့ကြောင်း သိရသည် ။
ဖြစ်စဉ်မှာ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ဖားကန့်မြို့နယ် ၊အေးသာယာအုပ်စု၊မနမှော်ရွာရှိ အမှတ်(၂၈) နေအိမ်အတွင်း အသက်(၁၉ )နှစ်အရွယ် အမျိုးသားတစ်ဦးက ဇူလိုင်(၁၇) ရက် မွန်းလွဲ(၁)နာရီခွဲခန့်မှာ အမြင့်(၉)ပေရှိတဲ့ အိမ်ထုတ်တန်းမှာ ကြိုးအရှည်(၅)ပေခန့်နဲ့ ကြိုးဆွဲချသေဆုံးနေတာ တွေ့ရှိရပါသည် ။
သေဆုံးသူရဲ့ ဘေးအိမ်တိုင်နဲ့ကပ်လျက် စာရွက်ပေါ်မှာ"အေးနန်း အရမ်းချစ်တယ်"လို့ မှင်နီနဲ့ ရေးသားထားတဲ့စာကိုလည်း တွေ့ရှိရကြောင်း သိရှိရပါတယ်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး သေဆုံးသူရဲ့ အလောင်းကို လူမှုရေးအသင်းက မော်တော်ယာဉ်ဖြင့် ဖားကန့်ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ပြီး ရဲစခန်းမှ သေမှုသေခင်း အမှုဖြင့် အမှုဖွင့်ဆောင်ရွက်ခဲ့သည် ။