ဆွာမြို့ တွင် အရက်အတူသောက်ရင်း စကားများပြီး ဓားခုတ်သတ်မှုဖြစ်
19 Jul 2018 1,423 Views
ဇူလိုင်လ ၁၇ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်တွင် ဆွာမြို့ ၌ တစ်ရွာတည်းသား အချင်းချင်းအတူ အရက်သောက်စားရာမှ စကားများပြီး လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည် ။
ဖြစ်စဉ်မှာ ဆွာမြို့အနောက်ဘက်၊ ၃၁ မိုင်ခန့်အကွာ အထက်သိုင်းနယ်၊ ဆန်တောပို့ကျေးရွာ၌ ဦးမြင့်ဌေးနှင့် ဦးအောင်ခွေတို့ အရက်အတူသောက်ရင်း စကားပြောဆိုခဲ့ကြတာကနေ သူ့ထက်ငါ ဘယ်သူကပိုမိုက်တယ်ဆိုပြီး တစ်ယောက်နဲ့တစ်ယောက် မိုက်ဂုဏ်ဖော်ကျူးရင်း အခုလိုဓားခုတ်လူသတ်မှု ဖြစ်ပွားခဲ့သည် ။
စစ်ဆေးချက်အရ သေဆုံးသူမှာ ယင်းကျေးရွာနေ စိုးလွင်၊ အသက် ၃၆ နှစ်ဖြစ်ပြီး အခင်းမဖြစ်ခင် ညနေ ၃ နာရီခန့်က ဦးအောင်ခွေး၏နေအိမ်တွင် တစ်ရွာတည်းနေ မြင့်ဌေး ၃၆ နှစ်နှင့်အတူ အရက်သောက်စားရင်း စကားများခဲ့ရာမှ ယင်းနေအိမ်တွင်ရှိဓားဖြင့် မြင့်ဌေးကခုတ်ခဲ့သတ်သွားခဲ့ကြောင်း သိရှိခဲ့ကြသည် ။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး သေဆုံးသူ၏ အလောင်းကို စစ်ဆေးရန် ဆေးရုံသို့ပို့ဆောင်ထားပြီး ပြစ်မှုကျူးလွန်သူကို ရဲစခန်းမှ လူသတ်မှု ပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည် ။