ကျပ်သိန်း ၁ သောင်းကျော်တန်ဖိုးရှိသော ဘိန်းမှုန့်ကို ကွတ်ခိုင်မြို့ တွင်ဖမ်းမိ
19 Jul 2018 1,362 Views
ဇူလိုင်လ ၁၇ ရက်နေ့ ည ၇ နာရီအချိန်ခန့်က ရှမ်းပြည်နယ်မြေုက်ပိုင်း ကွတ်ခိုင်မြို့နယ် နှင့် လားရှိုးမြို့တို့တွင် ကားဖြင့်သယ်ဆောင်လာသော ဘိန်းညိုမှုန့်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည် ။
ဖြစ်စဉ်မှာ မူးယစ်တပ်ဖွဲ့ စု (၂၂) မူဆယ်မှ တပ်ဖွဲ့ ဝင်များပါဝင်သော အဖွဲ့ သည် ကွတ်ခိုင်မြို့ ကားအဝင်အထွက်ကို စစ်ဆေးနေစဉ် ကွတ်ခိုင်-တာမိုးညဲသွားကားလမ်း၊ နမ့်ဟူးကျေးရွာ အနီးတွင် ကျုံးလီခမ်း မောင်းနှင်လာသည့် TOYOTA LANDCRUISER မော်တော်ယာဉ်ရောက်ရှိလာ၍ ရှာဖွေရာ မော်တော်ယာဉ်၏တံခါးလေးဘက်၊ အင်ဂျင်ခန်း၊ မျက်နှာကြက်ခေါင်မိုး၊ ထိုင်ခုံကူရှင်၊ ဝဲ/ယာ ဘော်ဒီများ အတွင်းတို့၌ သိုဝှက်ထည့်သွင်းထားသည့် ဘိန်းညိုမှုန့် ၂၁၈ ထုပ် (ဘိန်းညိုမှုန့်အလေးချိန် ၂၁၈ ကီလို)နှင့် လက်ကိုင်ဖုန်းတစ်လုံး တို့ကိုသိမ်းဆည်းရမိခဲ့သည်။
ကွင်းဆက်ဖော်ထုတ်ချက်အရ ဇူလိုင် ၁၈ ရက် နေ့လယ် ၁၂း၃၀ အချိန် မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးနှင့် လားရှိုးမြို့နယ်ရဲတပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လားရှိုးမြို့၊ နယ်မြေ(၅)၊ အမှတ်(၁၂)ရပ်ကွက်၊ ဈေးတန်းလမ်းတွင်နေထိုင်သူ လော်ဖိန်း (ခ)စိုးနိုင်လင်း(ခ)လီလျိုဆူး အား နေအိမ်၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခြင်းဖြစ်သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ လော်ဖိန်း(ခ)စိုးနိုင်လင်း(ခ) လီလျိုဆူး (၂၂)နှစ်နှင့် ကျုံးလီခမ်း(၂၅)နှစ် တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။