ဘိုကလေးမြို့ နယ်တွင် မိန်းကလေးကို ချုပ်ပြီး အဓမ္မပြုကျင့်မှု ဖြစ်ပွား
19 Jul 2018 1,374 Views
ဇူလိုင်လ ၁၇ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် အိမ်ထောင်ရှိအမျိုးသားက တစ်ရွာတည်းနေမိန်ကလေးအား ခြိမ်းခြောက်ပြီး နှစ်ကြိမ်တိုင်တိုင် အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့သည်ဟု သိရသည် ။
ဖြစ်စဉ်မှာ ဘိုကလေးမြို့နယ်၊ မဂူချောင်းတွင်းကျေးရွာတွင် နေထိုင်သည့် အောင်သူရ ၃၂ နှစ်သည် အသက် ၁၇ နှစ် အရွယ်မိန်ကလေးရဲ့ မိဘများ အိမ်မရှိချိန်ကို အခွင့်ကောင်းယူပြီး အဓမ္မပြုကျင့်ခဲ့သည် ။
“အခင်းဖြစ်တဲ့အချိန်မှာ ကောင်မလေးရဲ့မိဘတွေက ဆေးခန်းသွားတယ်။ ကျန်တဲ့ကလေးတွေက ကျောင်းတက်နေတဲ့အတွက် ကောင်မလေးတစ်ယောက်ထဲ အိမ်မှာရှိနေတယ်။အဲဒီအချိန်မှာ အောင်သူရက ကွမ်းစားချင်တယ်လို့ပြောပြီး အိမ်ပေါ်တက်လာတယ်။ပြီးတော့ အခြေအနေကြည့်ပြီး ကောင်မလေးကို ချုပ်ပြီး နှစ်ကြိမ်အဓမ္မပြုကျင့်သွားတာပါပဲ။” ဟု အကုန်သိသတင်းဌာနတွင် ရေးသားဖော်ပြထားပါသည် ။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး မြို့ မရဲစခန်းမှ အောင်သူရ ၃၂ နှစ်ကို ပ-၃၁၃/၂၀၁၈ မုဒိမ်းမှုပုဒ်မ-၃၇၆ ဖြင့်အမှုဖွင့်ကာ စစ်ဆေးနေကြောင်း သိရသည် ။