BEC-TERO TV

ကားတစ်စီးမှ ဈေးသည်တစ်ဦးအား နောက်မှဝင်တိုက်ခဲ့သဖြင့် သေဆုံးမှုဖြစ်

18 Jul 2018     1,351 Views


ဇူလိုင်လ ၁၈ ရက် နံနက်အစောပိုင်း ၄ နာရီခွဲခန့်က စက်ဘီးစီးလာသည့် ဈေးသည် တစ်ဦးအား ကားတစ်စီးက နောက်မှဝင်တိုက်ခဲ့သဖြင့် သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည် ။
 
 
ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ် ချယ်ရီမြိုင်(၁)လမ်းထိပ်၊ ရန်ကုန်-ပြည် အဝေးပြေးကားလမ်းပေါ်တွင် ဈေးသို့ စက်ဘီးစီးလာသည့် အမျိုးသမိးတစ်ဦးကားတိုက်ခံရပြီး လမ်းဘေးရေမြောင်းထဲ၌ လဲကျသေဆုံးနေသဖြင့် တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးခဲ့သည် ။ စစ်ဆေးချက်အရသေဆုံးသူမှာ အောင်မင်္ဂလာရပ်ကွက်တွင်နေထိုင်သည့် မဇင်မာသင်း၊ ၂၉ နှစ်ဖြစ်ပြီး မြောက်လွတ်ကုန်းကျေးရွာဘက်သို့ စက်ဘီးဖြင့်နေ့စဉ်ပုံမှန်ဈေးရောင်းချလေ့ရှိသည့် ဈေးသည်တစ်ဦး ဖြစ်သည်ကို သိရှိခဲ့ကြသည်။
 
 
“ဒီနေ့နံနက်မိုးမလင်းခင် ၄ နာရီနဲ့ ၅ နာရီကြာမှာဖြစ်သွားတာဗျ။ ကျွန်တော်တို့ရောက်ရှိတဲ့အခါကျတော့ ၆ နာရီ လောက်တော့ရှိလိမ့်မယ်။ ဦးခေါင်းခွံအက်ကွဲဒဏ်ရာနဲ့ သေဆုံးသွားတာပါ။ ပြစ်မှုကျူးလွန်သူကို မဖမ်းမိသေးဘူး လို့ သိရပေမဲ့ တိုက်သွားတဲ့ကားကိုတော့ ရဲတပ်ဖွဲ့က တွေ့ရှိပြီလို့တော့ သိရပါတယ်”ဟု မြန်မာ့သတင်းဌာနတွင် ရေးသားဖော်ပြထားပါသည် ။
 
 
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ရဲစခန်မှ ရာဇသတ်ကြီးပုဒ်မ - ၂၀၂/၃၀၄-က ဖြင့်အမှုဖွင့်လှစ်ကာ ပြစ်မှုကျူးလွန်သူကို စစ်ဆေးစုံစမ်းလျက်ရှိကြောင်း သိရသည် ။

18 Jul 2018     1,351 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS