BEC-TERO TV

ကော့သောင်းမြို့ တွင် အမျိုးသားတစ်ဦး ထိုးသွင်းဒဏ်ရာဖြင့် သေဆုံးမှုဖြစ်ပွား

18 Jul 2018     1,297 Views


ဇူလိုင်လ ၁၆ ရက် နေ့လယ် ၂ နာရီခွဲခန့်က လူတစ်ယောက် ထိုးသွင်းဒဏ်ရာဖြင့် အသတ်ခံလိုက်ရသည့် ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်ဟု သိရသည် ။
 
ဖြစ်စဉ်မှာ သေဆုံးသူသည်  ကော့သောင်းမြို့တွင်ရှိ ဦးလေးဖြစ်သူဆီသို့ အလည်ရောက်ရှိလာခဲ့ရာ ဇူလိုင်လ ၁၅ ရက် ည ၈ နာရီခန့်က လူစမ်းတစ်ဦးနှင့်အတူ ဦးလေးဖြစ်သူ၏ ဆိုင်ကယ်ဖြင့် ထွက်သွားခဲ့သည်ဟုသိရသည် ။ နောက်တစ်ရက်နေတွင် အမျိုးသားတစ်ဦး၏ အလောင်းတစ်လောင်း ထိုးသွင်းဒဏ်ရာဖြင့် သေဆုံးနေသည်ကို ပြည်သူများက သက်ဆိုင်ရာ တာဝန်ရှိသူများကို တိုင်ကြားပြီး သွားရောက်စစ်ဆေးစေခဲ့သည် ။
 
စစ်ဆေးချက်အရ သေဆုံးသူမှာ အသက် ၂၈ နှစ်အရွယ် စိုးမိုအောင်ဆိုသူဖြစ်ပြီး ရင်ညွန့်တွင် ထိုးသွင်းဒဏ်ရာ ၁၆ ချက်၊ ၊ယာဘက်နံဘေးထိုး သွင်းဒဏ်ရာ(၄)ချက်၊ လည်ပင်းထိုးသွင်းဒဏ်ရာ ၁ ချက်၊ ၊ယာဘက်လက်ဖျံ ၊ ယာဘက်နံဘေးနှင့် ဝဲဘက်လက်မောင်းထိုးသွင်းဒဏ်ရာ ၂ ချက်စီ၊ စုစုပေါင်း ထိုးသွင်းဒဏ်ရာ ၂၇ ချက်ဖြင့်သေဆုံးနေသည်ဟု အကုန်သိသတင်းဌာနတွင် ရေးသားဖော်ပြထားပါသည် ။ 
 
အဆိုပါသေဆုံးမှုနှင့် ပတ်သက်ပြီး အရေးယူပေးရန်တိုင်တန်းချက်များကြောင့် ပ-၁၂၇၁/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်လှစ်ထားကာ တရားခံကို စုံစမ်းရှာဖွေလျက်ရှိကြောင်း သိရသည် ။

18 Jul 2018     1,297 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS