BEC-TERO TV

သီဟတင်စိုးအမှုမှာ အိမ်အကူအမျိုးသမီး၏ ထွက်ဆိုချက်များ မှားယွင်းကြောင်း ဇင်မာဦးရဲ့ အစ်မဖြစ်သူ ကေသီဦးက ရုပ်သံနဲ့တစ်ကွရှင်းလင်း

17 Jul 2018     1,614 Views


ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုး က အဓ္ဓမပြုကျင့်ခဲ့ပါသည်ဟု ရဲစခန်းမှာ တိုင်ကြားအမှုဖွင့်ထားသူ အိမ်အကူအမျိုးသမီး ဒေါ်ခင်မာမြင့်(ခ)ဒေါ်ခင်မာညို က မီဒီယာများနှင့် အင်တာဗျူးပြုလုပ်ရာတွင် ပြောသွားခဲ့သည့် အချက်လက်များမှာ မှားယွင်းနေကြောင်း ဇင်မာဦး၏ အစ်မအရင်းဖြစ်သူ မကေသီဦးက ရုပ်သံဖိုင်များနှင့် သက်သေပြ ရှင်းလင်းခဲ့သည်။

အိမ်အကူ ဒေါ်ခင်မာမြင့်က မီဒီယာများနဲ့ အင်တာဗျူးရာတွင် အိမ်တွင် ၎င်းနဲ့အတူ တစ်ခန်းထဲတွင် နေထိုင်သော ဇင်မာဦး၏ မိခင်မှာ မျက်စိလည်းမမြင်၊ နားလည်း မကြားသဖြင့် သီဟတင်စိုးက ယောက္ခမဖြစ်သူရှိရက်နှင့် သူမအား အခန်းထဲဝင်ရောက်ကာ အဓ္ဓမပြုကျင့်ခဲ့သည် ဆိုသည့် ပြောဆိုချက်မှာ မှားယွင်းကြောင်း သက်သေပြသခဲ့သည်။


ဗီဒီယိုတွင် မိခင်ဖြစ်သူနှင့် အပြန်အလှန်စကားပြောဆိုပြခဲ့ပြီး အသက် ၈၃ နှစ်ရှိပြီဖြစ်သော မိခင်ကြီးမှာ မှတ်ဉာဏ်ချို့ယွင်းနေသည်မှအပ မျက်စိရော နားပါကောင်းမွန်ကြောင်း သက်သေပြသခဲ့ခြင်းဖြစ်သည်။


ထို့ပြင် ဒေါ်ခင်မာမြင့်အား ငှားရမ်းခဲ့ခြင်းစဉ်က “ထွန်းတောက်အကျိုးဆောင်”မှ ပွဲစားဒေါ်ညို ဆိုသူ(အင်တာဗျူးတွင် သူမ၏အဒေါ်ဟု ရည်းညွှန်းခဲ့သူ) အား အကျိုးဆောင်ခ ၁ သိန်းခွဲပေးခဲ့ရကြောင်း၊ သူမဟာ ယခင်ကလည်း အိမ်တွင် တစ်လခန့် အလုပ်လုပ်ကိုင်ခဲ့ဖူးသူဖြစ်ကြောင်း၊ သီဟတင်စိုးက အဓ္ဓမပြုကျင့်တယ်ဟု စွပ်စွဲခဲ့ပြီးနောက် ပွဲစားဒေါ်ညိုနဲ့အတူ သက်ဆိုင်ရာလူကြီးများ ခေါ်လာပြီး သိန်း ၁၀၀ အလျော်ပေးရန် လာရေက်တောင်းဆိုခဲ့ကြောင်း ရှင်းလင်းရေးသားထားသည်။

 

Credit:KayThiOo Facebook
 


17 Jul 2018     1,614 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS