လူကြိုက်အများဆုံး မြန်မာ့ရိုးရာအစားအစာ (၁၀)မျိုး - Top Ten Traditional Food in Myanmar You Must Try
17 Jul 2018 7,442 Views
ကမ္ဘာအရပ်ရပ်မှာရှိကြတဲ့ နိုင်ငံတိုင်းမှာ သူများနဲ့မတူတဲ့ ရိုးရာယဉ်ကျေးမူ ဓလေ့ထုံးတမ်းတွေအပြင် ရိုးရာအစားသောက်တွေ ရှိကြဟသကဲ့သို့ မြန်မာနိုင်ငံမှာလည်း ရိုးရာယဉ်ကျေးမူနဲ့ ရိုးရာဓလေ့အစားအသောက်တွေရှိပါတယ်။ သင်ဟာမြန်မာလူမျိုးတစ်ယောက်ဆိုရင် ထိုအစားအစာတွေကို ကြိုက်နှစ်သက်ပြီးဖြစ်ပါလိမ့်မယ်... အကယ်၍ သင်ဟာမြန်မာနိုင်ငံကို အလည်လာပြီး မြန်မာနိုင်ငံရဲ့အစားအစာတွေကို မြည်းစမ်းချင်သူတစ်ယောက်ဆိုရင် သင်လက်မလွတ်တမ်းစားကြည့်သင့်တဲ့ အရသာရှိပြီး မြန်မာနိုင်ငံသားတိုင်းကြိုက်နှစ်သက်ကြတဲ့ လူကြိုက်အများဆုံး အစားအစာ (၁၀) မျိုးကို ဖော်ပြပေးလိုက်ပါတယ်.......
၁) မုန့်ဟင်းခါး ( Mohinga )
မုန့်ဟင်းခါးဟာ မြန်မာလူမျိုးတို့ရဲ့ရိုးရာအစားအစာများစွာထဲမှ လူကြိုက်အများဆုံးအစားအစာတစ်ခုဖြစ်ပါတယ်။ (နေရာဒေသအလိုက်ချက်ပြုတ်ပုံချြင်းမတူကြပေမယ့် အဓိကပါဝင်ပစ္စည်းများဖြစ်ကြတဲ့) ငါး၊ စပါးလင်၊ ဂျင်း၊ ကြက်သွန်နီ၊ ငှက်ပျောအူတို့ဖြင့် အဓိကချက်လုပ်ထားတဲ့ဟင်းရည်ကို ဆန်ဖြင့်ပြုလုပ်ထားသော မုန့်ဖတ်ဖြင့်တွဲဖက်ကာ နံနံပင်နှင့် ငရုတ်သီးမှုန့်တို့ထည့်ကာ ပြင်ဆင်စားသုံးရတဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ မြန်မာလူမျိုးတွေဟာ မုန့်ဟင်းခါးကို မနက်စာအဖြစ် အများဆုံးစားသောက်လေ့ရှိကြပြီး လမ်းဘေးဈေးဆိုင်များ၊ လက်ဖ္ဘက်ရည်ဆိုင်များနဲ့ စားသောက်ဆိုင်တစ်ချို့မှာ အလွယ်တကူဝယ်ယူစားသောက်နိုင်တဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။ အရသာရှိလှသော မုန့်ဟင်းခါးကို မြန်မာနိုင်ငံရှိ နေရာဒေသအနှံ့အပြားမှာ ဝယ်ယူစားသောက်နိုင်ပါတယ်....
Mohinga is one of the most favorite traditional foods in Myanmar. It is mainly cooked with fish, lemongrass, ginger, onion and crunchy pith of the banana (although different way of cooking style according to region), and served with mote phat (kind of noodle and make from rice), parsley and chili powder. People mostly eat mohinga as breakfast and it can get easily almost everywhere like street markets, tea shops, and also some restaurants.
၂) အုန်းနို့ခေါက်ဆွဲ ( Ohn Noe KhaoSwe )
အုန်းနို့ခေါက်ဆွဲကတော့ မြန်မာလူမျိုးများ မနက်စာအဖြစ်စားသုံးကြတဲ့ ဒုတိယလူကြိုက်အများဆုံးအစားအစာတစ်ခုဖြစ်ပါတယ်။ ကြက်သားဟင်း၊ အုန်းနို့ရည်တို့ဖြင့် အဓိကချက်ပြုတ်ထားသောဟင်းရည်ကို ဂျုံဖြင့်ပြုလုပ်ထားသောခေါက်ဆွဲဖြင့်တွဲဖက်ပြီး ကြက်ဥပြုတ်၊ ကြက်သွန်နီ၊ မုန့်ကြွပ်နှင့် ငရုတ်သီးမှုန့်တို့ထည့်ကာ ပြင်ဆင်စားသုံးရသော အစားအစာတစ်မျိုးဖြစ်ပါတယ်။ အုန်းနို့ခေါက်ဆွဲကို လမ်းဘေးဈေးဆိုင်များ၊ လက်ဖ္ဘက်ရည်ဆိုင်များနှင့် မြန်မာနိုင်ငံရဲ့ နေရာတော်တော်များမှာ အလွယ်တကူဝယ်ယူစားသောက်နိုင်ပါတယ်...
The second favorite food as breakfast, like mohinga, is ohn noe khaoswe and it is mainly served with soup (that is cooked with chicken and coconut juice), noodle, boiled egg, onion, and chili powder. It can get easily almost everywhere like mohinga.
၃) နန်းကြီးသုပ် ( Nan Gyi Thoke )
Spaghetti of Myanmar လို့ခေါ်ကြတဲ့ နန်းကြီးသုပ်ကလည်း မနက်စာအဖြစ်စားသုံးကြတဲ့ လူကြိုက်များတဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။ ဆန်ဖြင့်ပြုလုပ်ထားတဲ့ခေါက်ဆွဲကို ကြက်သားဟင်း၊ ကြက်ဥပြုတ်၊ ကြက်သွန်နီ၊ မုန့်ကြွပ်တို့နှင့်ရောကာ စားသောက်ရတဲ့အစားအစာတစ်မျိုးဖြစ်ပါတယ်။ မနက်ပိုင်းကနေ နေ့လယ်ပိုင်းထိရရှိနိုင်ပြီး နေရာတိုင်းမှာ ဝယ်ယူစားသောက်နိုင်ပါတယ်.....
Nan Gyi Thoke, also called spaghetti of Myanmar, is a kind of noodle salad with rice noodle. It is also a favorite traditional food and mixed with rice noodle, chicken curry, boiled egg, onion. It is served from morning to afternoon.
၎) လက်ဖ္ဘက်သုပ် ( Tea Leaf Salad )
လက်ဖ္ဘက်သုပ်ဟာဆိုရင်လည်း မြန်မာလူမျိုးများ နေ့စဉ်စားသောက်ကြတဲ့ အစားအစာများထဲမှ လူကြိုက်များပြီး ထင်ရှားတဲ့ ရိုးရာအစားအစာတစ်ခုဖြစ်ပါတယ်။ ရှေးခေတ်ကတည်းကပင် အလှူမင်္ဂလာပွဲများ၊ အခမ်းအနားများမှာ အဆာပြေစားစရာ၊ အချိုပွဲအနေနဲ့ တည်ခင်းဧည့်ခံကြတဲ့ အစားအစာတစ်ခုဖြစ်ပြီး အချိန်အခါမရွေးစားသောက်နိုင်ပါတယ် ။ လက်ဖ္ဘက်သုပ်ဟာ လက်ဖ္ဘက်ရွက်ကို ဂေါ်ဖီ၊ ခရမ်းချဉ်သီး၊ အကြော်စုံတို့နှင့်ရောကာ ကြက်သွန်ဖြူ ၊ ငရုတ်သီးစိမ်းတို့နဲ့ တွဲဖက်ပြီးစားသုံးရတဲ့ အသုပ်တစ်မျိုးဖြစ်ပြီး နေရာတိုင်းမှာ အလွယ်တကူဝယ်ယူစားသောက်နိုင်တဲ့ အစားအစာဖြစ်ပါတယ်.....
Every people like this salad and it is one of the most popular traditional food in Myanmar. It is easy to prepare and mixed with tea leaf, cabbage, tomato, fried nuts and peas, and a little bite with garlic and chili.
၅) ကောက်ညှင်းပေါင်း ( Kaut Nyin Paung )
မြန်မာလူမျိုးများဟာ ကောက်ညှင်းပေါင်းကို မနက်စာအဖြစ်စားသောက်လေ့ရှိကြပြီး နေ့ခင်းပိုင်းမှာလည်း လက်ဖ္ဘက်ရည်နှင့်တွဲဖက်ကာ စားသောက်တတ်ကြပါသေးတယ်။ ကောက်ညှင်းဆန် အမဲနှင့်အဖြူကိုရောချက်ကာ နှမ်း၊ ဆား၊ အုန်းသီးတို့ဖြူး၍ စားရတဲ့အစားအစာဖြစ်ပြီး အရသာရှိကာ ဗိုက်ပြည့်စေတဲ့အစားအစာဖြစ်ပါတယ်။ ကောက်ညှင်းပေါင်းကိုတော့ လမ်းဘေးရှိ ပျံကျဈေးသည်များဆီမှာ ဝယ်ယူစားသောက်နိုင်ပါတယ်....
Kaut Nyin Paung is mostly for breakfast or sometime with tea or coffee in the afternoon as appetizer. Steam white and black sticky rice and served with sesame, salt and coconut.
၆) ဘိန်းမုန့် ( Bain Mont )
Burma cake လို့ခေါ်ကြတဲ့ ဘိန်းမုန့်ကို မြန်မာတို့က မနက်စာအဖြစ် ကော်ဖီ၊ လက်ဖ္ဘက်ရည်တို့နှင့် တွဲဖက်ကာစားသုံးလေ့ရှိကြပါတယ်။ ဆန်၊ ထန်းလျက်၊ မြေပဲ၊ ဘိန်းစေ့တို့နှင့်ပြုလုပ်ထားကာ အန္တရာယ်ကင်း၍ အရသာရှိသော အစားအစာဖြစ်ပါတယ်။ ဘိန်းမုန့်ကိုတော့ နေရာတော်တော်များများရှိ လမ်းဘေးပျံကျဈေးသည်များဆီမှာ ဝယ်ယူစားသောက်နိုင်ပါတယ်...
Bain mont, also called burma cake, is together with coffee or tea a breakfast or as appetizer in tea-time. Rice flour, palm sugar, peanuts, and also poppy seeds are prepared to have bane mote. It can get anywhere, especially in street markets.
၇) ခေါက်ဆွဲသုပ် ( Khao Swal Thoke )
ခေါက်ဆွဲသုပ်ကလည်း လူကြိုက်များတဲ့ မြန်မာအစားအစာတစ်ခုဖြစ်ပြီး မနက်စာအဖြစ်သာမက အချိန်အခါမရွေးစားသောက်နိုင်တဲ့ အစားအစာဖြစ်ပါတယ်။ လမ်းဘေးဈေးဆိုင်များ၊ လက်ဖ္ဘက်ရည်ဆိုင်များနှင့် စားသောက်ဆိုင်တစ်ချို့တို့တွင် မနက်ပိုင်းရော၊ ညနေပိုင်းပါ အလွယ်တကူဝယ်ယူရရှိနိုင်ပါတယ်။ ဂျုံဖြင့်ပြုလုပ်ထားသောခေါက်ဆွဲကို အာလူး၊ တို့ဟူး၊ ပဲပြား၊ ဂေါ်ဖီ၊ သခွားသီး၊ ဆီ၊ ကြက်သွန်ကြော်တို့ဖြင့်ရော၍ စားရသောအသုပ်တစ်မျိုးဖြစ်ပြီး အရသာရှိသော အစားအစာတစ်ခုဖြစ်ပါတယ်....
Khao Swal Thoke is also popular food as breakfast and get anytime and anywhere. Street markets, tea shop and some food centers sell this food in both morning and evening. It is mixed with noodle, potatoes, tofu, cabbage, cucumber, and oil.
၈) ရှမ်းခေါက်ဆွဲ ( Shan Noodle )
ရှမ်းခေါက်ဆွဲကတော့ ရှမ်းလူမျိုးတွေရဲ့ ရိုးရာ အစားအစာတစ်ခုဖြစ်ပြီးတော့ မြန်မာလူမျိုး အများစုနှစ်ခြိုက်စွာ စားသုံးကြတဲ့အစားအစာ တစ်မျိုးဖြစ်ပါတယ်။ ဆန်ဖြင့် အခြေခံပြုလုပ်ထားတဲ့ ခေါက်ဆွဲကို ကြက်သားနှင့် ခရမ်းချဉ်သီး ရောချက်ထားသော ဟင်းအနှစ်နှင့်အတူ မြေပဲ၊ နှမ်း၊ ကြက်သွန်မြိတ်တို့နှင့်ရော၍ စားသောက်ရသည့် အစားအစာဖြစ်ပါတယ်။ ရှမ်းခေါက်ဆွဲကို ရှမ်းရိုးရာ အစားစာဆိုင်များတွင် အဓိက ရရှိနိုင်ပြီး အချို့လဖ္ဘက်ရည်ဆိုင်ကြီးများတွင်လည်း ရရှိနိုင်ပါတယ်။
Shan noodle is one of the traditional foods of Shan people and also popular and favorite of Myanmar people. It is prepared with Shan rice noodle, chicken and tomato curry, peanuts, sesame, scallion. It can get mainly in Shan traditional restaurant and some other tea shop.
၉) ရခိုင်မုန့်တီ ( Rakhine Mote Ti )
ရခိုင်မုန့်တီကတော့ ရခိုင်ရိုးရာ အစားအစာတစ်ခုဖြစ်ပီး လူတိုင်းကြိုက်နှစ်သက်ကြတဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။ နေ့လယ်ပိုင်းနှင့် ညနေပိုင်းတွင် စားသောက်လေ့ရှိကြပြီး ရန်ကုန်နှင့် မန္တလေးမြို့ရှိ နေရာတိုင်းနီးပါးတွင် ရရှိနိုင်ပါတယ်။ ဆန်ဖြင့် ပြုလုပ်ထားတဲ့မုန့်ဖတ်ကို ငါး၊ ငြုပ်ကောင်း၊ မျှင်ငပိစသည်တို့နဲ့ အဓိကချက်လုပ်ထားသော ဟင်းရည်ဖြင့် တွဲဖက်ကာ နံနံပင် နှင့် အချဉ်၊ အငန်၊ အစပ် အရသာများထည့်၍ စားသောက်ရသော အစားအစာဖြစ်ပါတယ်။ မုန့်တီကလည်း မြည်းစမ်းကြည့်သင့်တဲ့ အရသာရှိတဲ့ အစားအစာတစ်ခုပါ....
Rakhine mote ti is one of the traditional foods of Rakhine people and everybody in Myanmar like it. People eat Rakhine mote ti in afternoon and evening, and it can get almost anywhere. It is prepared with Mote phat (kind of noodle and make from rice), fish soup, pepper, parsley. It is also a kind of food that you must try.
၁၀) ကတ်ကြေးကိုက် ( Kat Kyay Kite )
ကတ်ကြေးကိုက်ကတော့ မြိတ်ဒေသထွက် စားစရာတခုဖြစ်ပြီး ကြက်သား၊ ၀က်သား၊ ပင်လယ်စာ စသဖြင့် အရသာအမျိုးမျိုး သုံးဆောင်နိုင်သည်။ အဓိကပါဝင်သည့် အရာများကတော့ ညှပ်ခေါက်ဆွဲ၊ ပဲပြုပ်၊ ပဲပင်ပေါက် တို့ဖြင့် ကြော်လှော်ထားသော စားစရာတစ်မျိုးဖြစ်သည်။ ရန်ကုန်မြို့ရှိ စားသောက်ဆိုင် အများအပြားတွင် ရရှိနိုင်ပြီး လူကြိုက်များသော အစားအစာတစ်မျိုးလည်း ဖြစ်ပါသည်။
Kat kyay kite is one of the Myake regional foods and it can serve chicken, pork, and also sea food. It is a kind of fried noodle, mainly with rice noodle, boiled bean. It can get many restaurants in Yangon and it is a popular food in Myanmar.
Photos _From Internet