BEC-TERO TV

ကျောင်းသားချင်း စကားများရန်ခိုက်ဖြစ်ပွားရာမှ ဓားထိုးမှုဖြစ်

10 Jul 2018     1,414 Views


ဇူလိုင်လ ၈ ရက်နေ့ မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့ ရွာသစ်ရပ်ကွက်အတွင်းရှိ အထက ( ၁ ) ကျောင်းဝန်းအတွင်း ကျောင်းသားနှစ်ဦးအချင်းချင်း စကားများရန်ခိုက်မှုဖြစ်ပွားခဲ့ပြီး ဓားထိုးမှုဖြစ်ပွားခဲ့သည် ။
 
ဖြစ်စဉ်မှာ ၈ ရက်နေ့ ညနေပိုင်းအချိန်က အခြေခံပညာအထက်တန်းကျောင်းတို့ ယှဉ်ပြိုင်ကြမည့် ဘောလုံးအားကစားပြိုင်ပွဲကို သွားရောက်ကြည့်ရှုရန်သွားသည့် မောင်အောင်မြင့်မြတ်နှင့် မောင်ကျော်ဇင်မျိုးတို့ အထက ( ၁ ) ကျောင်းရှေ့ တွင် တွေ့ ဆုံရာမှ လူငယ်ဘာဝ စကားများရန်ခိုက်မှုဖြစ်ပွားရာ ကျော်ဇင်မျိုးမှ အသင့်ပါလာသော ဓားဖြင့် ထိုးပြီးထွက်ပြေးတိမ်းရှောင်ခဲ့သည်ဟု သိရသည် ။
 
 
ခိုက်ရန်ဖြစ်ပွားနေတယ်ဆိုတဲ့ သတင်းကြောင့်မြို့ နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်လင်း အပါအဝင်တပ်ဖွဲ့ဝင်တွေနဲ့အတူ အထက(၁)ကျောင်းဝန်းထဲကို သွားရောက်စစ်ဆေးခဲ့ပါတယ်၊ အခင်းဖြစ်နေရာမှာ မြို့မမြောက်ရုံးရပ်နေထိုင်သူ အောင်မြင့်မြတ်(၁၅)နှစ်(လယ်ဘော်အခြေခံ ပ ညာအထက်တန်းကျောင်းတွင် ပညာသင်ကြားနေသူ)ဟာ ထိုးသွင်းဒဏ်ရာတစ်ချက်နဲ့ အူထွက်ကာ စိုးရိမ်ရဒဏ်ရာရရှိလျက် လဲကျနေတာကိုတွေ့ရှိခဲ့ရပါတယ်။ ရဲဆေးစာနဲ့ ရေနံချောင်းမြို့နယ် ပြည်သူဆေးရုံကို ချက်ချင်းပို့ဆောင်ပေးခဲ့ပါတယ်ဟု အကုန်သိသတင်းဌာနတွင် ရေးသားဖော်ပြထားပါသည် ။
 
ထွက်ပြေးတိမ်းရှောင်သွားခဲ့သော ကျော်ဇင်မျိုးကို ရဲတပ်ဖွဲ့ များက လိုက်လံရှာဖွေခဲ့ရာ ညနေ ၆ နာရီအချိန်ခန့်တွင် ဖမ်းဆီးရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူ ကျော်ဇင်မျိုးကို (ပ)၃၃၈/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၃၂၆ ဖြင့်အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည် ။

10 Jul 2018     1,414 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS