YBS ကားကိုဝင်တိုက်တဲ့ ကားမောင်းနှင်သူ အိန္ဒိယနိုင်ငံသား သေဆုံး
09 Jul 2018 1,349 Views
ဇူလိုင် ၇ ရက်နေ့တွင် လမ်းဘေး၌ ရပ်ထားသည့် YBS ၁၆ ခရီးသည်တင်ယာဉ်ကို ယာဉ်တစ်စီးက အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်ခဲ့ရာ အဆိုပါ မောင်းနှင်လာသော အိန္ဒိယနိုင်ငံသား သေဆုံးသွားကြောင်း သိရသည် ။
ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်တွင် နံနက် ၃ နာရီခွဲခန့်က သုဓမ္မာလမ်း အတိုင်း အဝိုင်းမီးပွိုင့်ဘက်မှ မယ်လမုဘုရားဘက်သို့ အိန္ဒိယနိုင်ငံသား Mr.Rajesh Chand Dhyani (၃၉)နှစ် မောင်းနှင်ပြီး အိန္ဒိယနိုင်ငံသား Mr.Pranay Joshi (၂၇)နှစ်၊ ပတ်စ်ပို့အမှတ်-……၊ (ဗီ ဇာအမှတ်-…….၊ လုပ်ငန်းဗီဇာ) လိုက်ပါလာသည့် 2K/… Alphard ယာဉ်သည် စိန်ပန်းမြိုင် ရဲရိပ်သာ ရှေ့အရောက် လမ်းယာဘက်ဘေး၌ ရပ်ထားသော 4N/….. Hyundai YBS ၁၆ ခရီးသည်တင်ယာဉ်ကို အရှိန်မထိန်းနိုင်ဘဲ နောက်မှတိုက်မိခဲ့ကြောင်း သိရသည် ။
အဆိုပါယာဉ်မောင်းသူ Mr.Rajesh Chand Dhyani တွင် နဖူးပွန်းဒဏ်ရာနှင့် Mr.Pranay Joshi တွင် ရင်ဘတ်အောင့်ဒဏ်ရာ ရရှိခဲ့သဖြင့် ၄င်းတို့ ၂ ဦးအား မြောက်ဥက္ကလာပပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ စဉ် Mr.Rajesh Chand Dhyani မှာ လမ်း၌သေဆုံးသွားပြီး Mr.Pranay Joshi မှာ မစိုးရိမ်ရဖြင့် ဆေးရုံ၌ တက်ရောက်ကုသနေခဲ့သည် ။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး မြောက်ဥက္ကလာပမြို့မရဲစခန်းက ယာဉ်(ပ)၂၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈(ပေါ့လျော့မှုကြောင့် လူသေမှု/ ပြင်းထန် နာကျင်စေမှု)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။