စတိုးဆိုင် အရောင်းဝန်ထမ်းမိန်းကလေးအား အဓ္ဓမပြုကျင့်မှုဖြစ်ပွား
09 Jul 2018 1,333 Views
မွန်ပြည်နယ် ရေးမြို့နယ်တွင် စတိုးဆိုင် အရောင်းဝန်ထမ်းစာရေးအဖြစ် လုပ်ကိုင်နေသော အသက် ၁၇ နှစ်အရွယ် မိန်းကလေးတစ်ဦးအား အစ်ကိုဝမ်းကွဲတော်စပ်သူမှ သွေးဆောင်ခေါ်ယူကာ သားမယားအဖြစ် အဓ္ဓမပြုကျင့်မှု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာဇူလိုင်လ ၆ ရက်နေ့နံနက် ၉ နာရီခွဲအချိန်ခန့်တွင် မ−−−−−−−− သည် စတိုးဆိုင်၌ အလုပ်လြပ်နေစဉ် သူမ၏ အစ်ကိုဝမ်းကွဲတော်စပ်သူ ထွန်းလင်းအောင် (၂၀ နှစ်) နှင့် ၎င်း၏ သူငယ်ချင်းဖြစ်သူ ဇော်မင်းထက်(ခ)ကိုလတ် တို့ ဆိုင်ကိုရောက်ရှိလာခဲ့ကြသည်။
အစ်ကိုဝမ်းကွဲဖြစ်သူ ထွန်းလင်းအောင်က သူ၏သူငယ်ချင်းဖြစ်သူ မ−−−−− ၏ မိခင်အသည်းရောဂါဖြင့် ရေးမြို့ဆေးရုံကြီ:တွင် တက်ရောက်ကုသနေသည်ကို သတင်းမေးရာတွင် လိုက်ပါရန် အဖော်ခေါ်ခဲ့သဖြင့် ဆိုင်ရှင်ဖြစ်သူအား ခွင့်ပန်ကာ လိုက်သွားခဲ့သည်။
ဆေးရုံတွင် လူမမာမေးပြီးနောက် ပြန်လာရာ ထွန်းလင်းအောင်မှ သူငယ်ချင်းဖြစ်သူ ဇော်မင်းထက်(ခ)ကိုလတ် အား ဓမင်းကုန်း ကျားတန်းရပ်ကွက်သို့ ပြန်ပို့ပေးခဲ့ပြီးနောက် ညီမဖြစ်သူအား စတိုးဆိုင်သို့ ပြန်လိုက်ပို့စဉ် လာမ်းအတိုင်းမမောင်းပဲ လမ်းချိုးတစ်ခုအတွင်းသို့ မောင်းဝင်သွားသဖြင့် ညီမဖြစ်သူမှ မေးမြန်းရာ ထွန်းလင်းအောင် က ဖြတ်လမ်းဖြစ်ကြောင်းပြောပြီး တစ်နေရာတွင် ဆိုင်ကယ်ကိုရပ်ကာ ၎င်းလက်အားဆွဲပြီး တောစပ်အတွင်းသို့ဆွဲခေါ်သွားသဖြင့် ရုန်းကန်ခဲ့ရာ ထွန်းလင်းအောင်မှ မျက်နှာအားလက်သီးဖြင့် (၂)ချက်ထိုးပြီး တွန်းလှဲသဖြင့် ရေအိုင်တစ်ခုပေါ်သို့လဲကျသွားစဉ် အပေါ်မှတက်ခွ၍ လည်ပင်းညှစ်ကာ “မအော်နဲ့ အော်ရင်သတ် ပစ်မယ်” ဟုကြိမ်းမောင်း၍ ၎င်း၏ဘောင်းဘီအား အတင်းဆွဲချွတ်ကာ သားမယားအဖြစ် မိနစ်(၂၀)ခန့် ပြုကျင့်ခဲ့သည်။
ထို့နောက် စတိုးဆိုင်သို့ ပြန်မပို့တော့ပဲ သူမ၏အဒေါ်တော်စပ်သူ ထွန်းလင်းအောင်၏ မိခင်ဖြစ်သူ၏နေအိမ်သို့ ရောက်ရှိ၍ အဒေါ်ဖြစ်သူနှင့်အတူ ညအိပ်ခဲ့ရသည်။
နောက်တစ်နေ့ ဇူလိုင်လ ၇ ရက်နေ့နံနက်တွင် မ−−−−−−−− တွင် ယာဘက်မျက်လုံး ဖူးရောင် ဒဏ်ရာ(၁)ချက် ဝဲဘက် မျက်လုံး ညိုမဲ ဒဏ်ရာ (၁)ချက်နှင့် ယာဘက်တံတောင် ဆစ်ပွန်းခြစ်ဒဏ်ရာ(၁)ချက်တို့ရရှိထားပြီး ဆိုင်ကယ်ကယ်ရီဖြင့် ရေးမြို့သို့ပြန်လာခဲ့ရာ နေ့လည် ၁၁ နာရီအချိန်ခန့်တွင် စတိုးဆိုင်သို့ ပြန်လည်ရောက်ရှိခဲ့သည်။
စတိုးဆိုင်သို့ ရောက်ရှိပြီးနောက် ဆိုင်ရှင်ဖြစ်သူနှင့် မိခင်ဖြစ်သူတို့အား ဖြစ်စဉ်များအား ပြောပြခဲ့ပြီး မ----- မှ သူမအားထိုးကြိတ်၍ သားမယား အဖြစ်ပြုကျင့်ခဲ့သူ ထွန်းလင်းအောင်အား ဥပဒေအရ အရေးယူပေးပါရန် ဇူလိုင်လ ၇ ရက်တွင် ရေးမြို့မရဲစခန်း၌ တိုင်ကြားခဲ့သည်။
ရေးမြို့မရဲစခန်းမှ (ပ)၁၅၀/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ-၃၇၆/၃၂၅/၅၀၆ အရ အမှုဖွင့်အရေးယူ ထားပြီး အမှုစစ် ဒုရဲမှူး အေးမြင့်မှ စစ်ဆေး၍ တရားခံဖမ်းဆီးရမိရေး ရေးမြို့မရဲစခန်းမှ နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ် မျိုးမင်းသန့်ဦးစီး(၁+၅)ဦး အဖွဲ့တို့နှင့် အတူရှာဖွေဖမ်းဆီးခဲ့ရာ ထွန်းလင်းအောင် ရေးမြို့နယ် ချောင်းတောင်ကျေးရွာအကွက်(၆)ရှိ ၎င်း၏နေအိမ်တွင် ညနေ ၅:၅၀ အချိန်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
သတင်းရင်းမြစ် - ရေးမြို့မရဲစခန်း