ကျောက်မဲ-နောင်ချိုလမ်းပိုင်း ယာဉ်တစ်စီး အရှိန်လွန်တိမ်းမှောက် ၁ သေ ၁၆ ဒဏ်ရာရ
06 Jul 2018 1,395 Views
ဇူလိုင်လ ၄ ရက်နေ့ ည ၁၁ နာရီအချိန်ခန့် ပြည်ထောင်စုကားလမ်းမကြီးပေါ်ရှိ ဂုတ်တွင်းလမ်းပိုင်းတွင် ခရီးသည် ၂၇ ဦးပါလာသော ခရီးသည်တင်ယာဉ် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ရာ ၁ ဦးသေဆုံးကာ ၁၆ ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည် ။
ဖြစ်စဉ်မှာ ကျောက်မဲ-နောင်ချို ( ဂုတ်တွင်း ) လမ်းပိုင်း မိုင်တိုင်အမှတ် ၈၄/၂၃ တွင် ယာဉ်မောင်း ရဲမင်းအောင်၊ ၂၇ နှစ်မောင်းနှင် လာသည့် ကြယ်စင်သစ္စာခရီးသည်ကားမှာ အရှိန်မထိန်းနိုင်ဘဲ ငါးထပ်ကွေ့မှ လေးထပ်ကွေ့သို့ ထိုးကျ တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။
“မူဆယ်-နေပြည်တော်ကို ပြေးဆွဲနေတဲ့ လူ ၂၇ ယောက်လိုက်ပါလာတဲ့ ခရီးသည်ယာဉ်လိုင်းပါ။ အရှိန်လွန် တိမ်းမှောက်သွားတာပါ။ အမျိုးသား ၁၁ ဦး နဲ့ အမျိုးသမီး ၅ ဦး ဒဏ်ရာရရှိသွားပြီး အမျိုးသား ၁ ဦး သေဆုံး သွားပါတယ်” ဟု အကုန်သိသတင်းတွင် ရေးသားဖော်ပြထားပါသည် ။
အဆိုပါ အခင်းဖြစ်ပွားရာသို့ အမှတ် ၁၂ဝ ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိကူညီပြီး လမ်းရှင်းလင်းရေး အတွက် ဆောင်ရွက်ပေးခဲ့ကြသည်။ ထိခိုက်ဒဏ်ရာရရှိသူများကို နောင်ပိန်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ပြီး ယာဉ်မောင်း ရဲမင်းအောင်၊ ၂၇ နှစ် အား ယာဉ်ပ-၉/၂၀၁၈ ၊ရာဇသတ်ကြီးဥပဒေပုဒ်မ-၂၇၉/၃၃၇/၃၃၈/၃၀၄(က) ဖြင့် နောင်ပိန်နယ်မြေ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။