ဘုန်းကြီးတစ်ပါးက ၁၀ နှစ်အရွယ်မိန်းကလေးကို သားမယာပြုကျင့်မှုဖြစ်ပွား
06 Jul 2018 1,556 Views
ကျောင်းအိပ်ကျောင်းစားနေသူ အသက် ၁၀ နှစ်အရွယ် မိန်းကလေးငယ်အား ကျောင်းထိုင်ဘုန်းကြီးမှ သားမယားပြုကျင့်မှု တောင်ကြီးမြို့ နယ် ၊ အေးသာယာမြို့ တွင် ဖြစ်ပွားခဲ့သည် ။
ဖြစ်စဉ်မှာ အမှတ် ၁၄ ရပ်ကွက်နေ ၂ တန်းကျောင်းသူ တစ်ဦးသည် လေသာဘုန်းတော်ကြီးကျောင်းတွင် ကျောင်းအိပ်ကျောင်းစား နေထိုင်လျက်ရှိသည် ။ ထိုရာတွင် ဇွန်လ ၂၀ ရက်နေ့ ကျောင်းထိုင်ဘုန်းကြီးမှ အဆိုပါမိန်ကလေးငယ် အိပ်စက်နေသောအခန်းသို့ လာရောက်ကာ သားမယားပြုကျင့်ခဲ့ပြီး ယင်းနေ့မှ စတင်ကာ ဇွန်လ ၂၉ ရက်အထိ နေ့စဉ် အိပ်ခန်းသို့ လာရောက်ခဲ့သည် ။ ကျောင်းထိုင်ဘုန်းကြီးက မိခင်နှင့် အခြားသူများကို ပြန်တိုင်ပါက သတ်ပစ်မည်ဟု မိန်းကလေးငယ်ကို ခြိမ်းခြောက်ပြောဆိုခဲ့သည် ဟုသိရသည် ။
အရွယ်မရောက်သေးသော ကလေးငယ်အား ခြိမ်းခြောက်ကာ သားမယားပြုကျင့်ခဲ့သည့် ဥူးဥာဏဝံသ (ခ) ဦးကျန်တီးအား အရေးယူပေးရန် မိခင်ဖြစ်သူမှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် ဇူလိုင်လ ၄ ရက်၊ ညနေပိုင်းတွင် တောင်ကြီးမြို့နယ်၊ အေးသာယာနယ်မြေရဲစခန်း၌ (ပ)၀၂/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၇၇/၅၀၆ ဖြင့် အမှုဖွင့် စစ်ဆေး အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။