သောက်မည့် အအေးခွက်အတွင်း ဆေးခတ်ပြီး ဆွဲကြိုးဖြတ်ယူမှု မန္တလေးတွင်ဖြစ်ပွား
06 Jul 2018 1,311 Views
ဇူလိုင် ၄ ရက်နေ့ နံနက် ၁၀ နာရီခန့်က Facebook လူမှုကွန်ရက်ပေါ်တွင် ခင်မင်ရင်းနှီးခဲ့သူမှ သောက်မည့်အအေးခွက်အတွင်း ဆေးခတ်တိုက်ခဲ့ပြီးနောက် လည်ပက်းမှဆွဲကြိုးဖြတ်ယူခဲ့သည့် တရားခံဖမ်းမိခဲ့သည်ဟု သိရသည် ။
ဖြစ်စဉ်မှာ ဇွန်လ ၃၀ ရက်နေ့က Facebook လူမှုကွန်ရက်ပေါ်တွင် ခင်မင်ရင်းနှီးခဲ့သူ အမျိုးသမီးတစ်ဦးနှင့် (၁၈×၁၉) လမ်းကြား၊ (၆၆)လမ်း၊ ကျုံးဘေးရှိ အအေးဆိုင်တွင် တွေ့ဆုံခဲ့စဉ် ၎င်းအမျိုးသမီးသောက်မည့် အအေးခွက်အတွင်းသို့ မူးဝေစေသောဆေးခတ်ကာ တိုက်ခဲ့ပြီး အမျိုးသမီးမူးဝေနေစဉ် သူမ၏ လည်ပင်းတွင်ဝတ် ဆင်ထားသည့် (၁၅)ပဲရည် အလေးချိန်(၁)ကျပ်(၂)ရွေးသားခန့်ရှိ ပုံဆန်းဆက်ဖြတ်ရွှေဆွဲကြိုး(၁)ကုံး အား ဖြတ်ယူခဲ့သည် ။
ထိုရာတွင် မန္တလေးတိုင်းဒေသကြီး၊ တိုင်းအကူရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင် များသည် မပေါ်ပေါက်သေးသည့် ခိုးမှု/လုယက်မှုများအား ကူညီစုံစမ်းဖော်ထုတ်ပေးရန် သက်သေ များနှင့်အတူ နယ်မြေသတင်းစုံစမ်းနေစဉ် အောင်မြေသာစံမြို့နယ်၊ (၆၅×၆၀)လမ်းကြား၊ (၁၉)လမ်းတွင် ဆိုင်ကယ်တစ်စီးကို မောင်းနှင်လာသော ချမ်းမြသာစည်မြို့နယ်နေ ထက်အောင်(ခ)ကေမင်းခန့်(၂၃)နှစ် ကို ကြိုတင်ရရှိထားသည့်သတင်းအရ ဆိုင်ကယ်ကို ရပ်တန့်စေ၍စစ်ဆေးခဲ့သည်။
သက်သေခံပစ္စည်းကို ပြန်လည်သိမ်းဆည်းပြီး ထက်အောင်(ခ)ကေမင်းခန့်အား အမှတ်(၁)နယ်မြေရဲစခန်းဝယ် (ပ)၃၁၃/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂/၃၂၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည် ။