ရေခဲတိုက်ထဲရောက်မှ အသက်ပြန်ဝင်လာတဲ့ အမျိုးသမီး
03 Jul 2018 1,698 Views
ယာဉ်တိုက်မှုတစ်ခုတွင် သေဆုံးခဲ့သူအမျိုးသမီးအား မသင်္ဂြိုလ်မီ ရေခဲတိုက်ရှိ အအေးခန်းသေတ္တာထဲမှာ ထည့်ထားရာမှ အသက်ပြန်ရှင်လာတဲ့အဖြစ်ပျက်တစ်ခု တောင်အာဖရိကနိုင်ငံမှာ ဖြစ်ပွားခဲ့ပါတယ်။
အမည်ဖော်ပြထားခြင်းမရှိတဲ့ အမျိုးသမီးတစ်ဦးဟာ လမ်းပေါ်မှာ ယာဉ်တိုက်မှုတစ်ခုကြောင့် သေဆုံးခဲ့ပြီဟု ကြေညာကာ ဂူတန်စီရင်စုရှိ ကာလတ်တွန်ဗီလီ ရင်ခွဲရုံရေခဲတိုက်သို့ ပို့ဆောင်ခဲ့ပြီး အအေးခန်းသေတ္တာထဲ ထည့်ထားခဲ့ပါတယ်။
ရင်ခွဲရုံဝန်ထမ်းတစ်ဦးက အအေးခန်း သေတ္တာထဲရှိ အလောင်းများကို တာဝန်အရ စစ်ဆေးရာမှ သူမဟာ အသက်ရှုနေသေးကြောင်း တွေ့ရှိခဲ့ရပြီး ဆေးရုံသို့ အမြန်ပို့ဆောင်ခဲ့ပါတယ်။ အဲဒီအတွက် ဘယ်သူ့အမှားလဲလို့ စုံစမ်းစစ်ဆေးတဲ့အခါမှာတော့ ယာဉ်မတော်တဆမှုဖြစ်စဉ် သွားရောက်ခဲ့တဲ့ လူနာတင်ကား ကုမ္ပဏီကို စစ်ဆေးခဲ့ပါတယ်။
ကုမ္ပဏီက သူတို့ရဲ့ ဝန်ထမ်းတွေကို သေသေချာချာ သင်တန်းမပေးထားတာကြောင့်လို့ ဆိုပါတယ်။ ဒါပေမယ့် သူတို့ဝန်ထမ်းတွေက လုပ်ထုံးလုပ်နည်းနဲ့အညီ သွေးခုန်နှုန်းစမ်းသပ်ခြင်း၊ အသက်ရှု/မရှု ဆိုတာတွေကိုပါ လိုက်နာ စစ်ဆေးလုပ်ဆောင်ခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။
သူမဟာ ယာဉ်တိုက်မှုဖြစ်ချိန်က အမှန်တစ်ကယ်အသက်မရှုတော့ပဲ အအေးခန်းထဲရောက်မှ အသက်ပြန်ရှင်လာတာလားဆိုတာ မသေချာပေမယ့် အခုတော့ ဆေးရုံပေါ်မှာ ပြန်လည် ကျန်းမာလာပါပြီ။
ဇွန်လ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ယဉ်မတော်တစ်ဆမှုမှာ သူမဟာ တစ်ဦးအပေါအဝင်ဖြစ်ပြီး အဆိုပါ မတော်တဆမှုကြောင့် လူနှစ်ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။