BEC-TERO TV

မိသားစုဝင် ၁၁ ဦးလုံး တစ်ပြိုင်တည်း ကြိုးဆွဲချသေဆုံး

03 Jul 2018     1,444 Views


ဇူလိုင်လ ၁ ရက်နေ့က မိသားစုဝင် ၁၁ ဦးစလုံး အိမ်အမိုးထုတ်တန်းမှ တန်းစီ ကြိုးဆွဲချလျှက် သေဆုံးခဲ့မှုတစ်ခု အိန္ဒိယနိုင်ငံမှာ ဖြစ်ပွားခဲ့ပါတယ်။

ဘာရာရီကျေးရွာရှိ နေအိမ်မှာ ဖြစ်ပွားခဲ့ပြီး သေဆုံးသူများထဲမှ ၁၀ ဦးဟာ မျက်နှာကိုအဝတ်စည်းလျှက် အိမ်ခေါင်မိုးမှ ကြိုးဆွဲချအနေအထားနဲ့ တွေ့ရှိခဲ့တယ်လို့ နယူးဒေလီရှိ ရဲများက ပြောပါတယ်။

ဇူလိုင်လ ၂ ရက်နေ့မှာတော့ သေဆုံးသူများ ချန်ထားခဲ့တဲ့ မှာတမ်းစာတစ်ခုကို ရဲတွေက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
လူသားရဲ့ ခန္ဓာကိုယ်ဟာ ယာယီမျှသာဖြစ်ပါတယ် ပြီးတော့ မျက်လုံးနဲ့ ပါးစပ်တွေကို ပိတ်ထားခြင်းကသာ အကြောက်တရားကို ကျော်လွှာနိုင်တယ်” လို့ သေတမ်းစာမှာ ရေးသားထားခဲ့ပါတယ်။

မိသားစု ၁၁ ယောက်လုံးဟာ “ဝိဉာဉ်ကိုကယ်တင်ခြင်း” ဆိုတဲ့ ကျင့်စဉ်အတိုင်း သေလွန်ပြီးနောက် ဝိဉာဉ်ကို ကယ်တင်နိုင်တယ်ဆိုတဲ့ အယူအဆအတိုင်း တစ်သွေမတိမ်းလိုက်နာပြီး ကိုယ့်ကိုယ်ကို ကြိုးဆွဲချသေခဲ့တယ်လို့ ရဲတွေက သုံးသပ်ခဲ့ပါတယ်။

သေဆုံးသူများထဲမှာ အမျိုးသား ၄ ဦး အမျိုးသမီး ၃ ဦးနဲ့ မိန်းကလေး ၄ ဦးတို့ပါဝင်ပါတယ်။ သူတို့ရဲ့ ပါးစပ်တွေကို တိပ်တွေပိတ်ထားပြီး လက်ကနေ ခြေဖျားထိစည်းနှောင်ထားကာ မျက်လုံးကိုလည်း အဝတ်စည်းထားပါတယ်။ သေဆုံးသူများထဲတွင် အကြီးဆုံးမှာ ၅၇ နှစ်ဖြစ်ပြီး အငယ်ဆုံးမှာ ၁၅ နှစ်အရွယ်တို့ဖြစ်သည်။

မိသားစုဝင်များထဲမှ အဖွားဖြစ်သူ အသက် ၇၇ နှစ်အရွယ် အမျိုးသမီးကြီးကို တစ်ဖက်အခန်းမှာ အသက်ရှင်လျှက် တွေ့ရှိခဲ့ရပါတယ်။ ခြေတွေလက်တွေကို ဘယ်လို တုပ်နှောင်ရမလဲဆိုတာ နည်းတွေကို ရေးထားတဲ့ မှတ်စုကိုလည်း တွေ့ခဲ့ရတယ်လို့ ရဲတွေက ပြောကြားခဲ့ပါတယ်။

သေဆုံးသူတွေဟာ မိသားစုတစ်ခုထဲကဖြစ်ကြပြီး နယူးဒေလီ မြောက်ပိုင်း ဘာရာရီကျေးရွာမှာ နေထိုင်သူများဖြစ်ကာ အများစုက တစ်အိမ်ထဲမှာ အတူနေထိုင်ကြသူတွေဖြစ်ပါတယ်။
အစပိုင်းမှာ ရဲတွေက လူသတ်မှုအဖြစ် မှတ်ယူထားခဲ့ပေမယ့် သေတမ်းစာ မှတ်စုတွေတွေ့တဲ့အခါမှာတော့ ကျင့်စဉ်တစ်ခုနောက်ကိုလိုက်ရင်း ကိုယ့်ကိုယ်ကိုယ်သတ်သေသလို ဖြစ်ခဲ့ရကြောင်း မှတ်ချက်ချခဲ့ပါတယ်။

သေဆုံးသူတွေရဲ့ ခန္ဓာကိုယ်မှာ ဒဏ်ရာတွေ မတွေ့ရသလို အိမ်ကိုတစ်ယောက်ယောက်က အတင်းဝင်ရောက်ထားတဲ့ ပုံစံလည်း မတွေ့ရဘူးလို့ ဆိုပါတယ်။
ဒါပေမယ့် သူတို့ရဲ့ အိမ်နီးချင်းဖြစ်သူတစ်ဦးကတော့ “သူတို့မှာ ငွေရေးကြေးရေးလည်း ပြေလည်ပါတယ်၊ ဘယ်သူ့ဆီကမှလည်း ကြွေးယူထားတာမရှိပါဘူး၊ အားလုံးအဆင်ပြေနေတာကို ဘာကြောင့် အခုလို ကိုယ့်ကိုယ်ကို သတ်သေသွားလဲမသိဘူး” ဟုပြောကြားခဲ့ပါတယ်။ သူတို့တွေဟာ အဆိုပါနေအိမ်မှာ နေထိုင်ခဲ့တာ နှစ်ပေါင်း ၂၀ ကျော်ရှိပြီဖြစ်ကြောင်း အိန္ဒိယသတင်းတွင် ဖော်ပြထားသည်။
 


03 Jul 2018     1,444 Views




RELATED

Most Popular of Special or Others

Most Popular of NEWS